သင်တန်းဆရာများအနေဖြင့် ဦးရွှေဇင်အောင် (House Keeping & Front Office Trainer)၊ ဦးအောင်ထွန်း (Customer Service & Sale and Marketing Trainer)၊ ဦးမြင့်ရွှေ (F & B Service Trainer) တို့မှ အခမဲ့ကုသိုလ်ဖြစ် ကူညီသင်ကြားပေးခဲ့သည်။
ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂/၁၂ Hospitality Training တက်ရောက်ကြသည့် သင်တန်း သား/သူများအား အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်၌ GM ဒေါ်ကေသီနိုင်မှ On Job Traning အား တာဝန်ယူ ကူညီပေးခဲ့သည်။ ထို့နောက် ၂/၁၂ Hospitality Training သင်တန်းအား တက်ရောက်သူ (၂၃)ဦး တက်ရောက်ကြပြီး စာမေးပွဲဖြေဆိုမှုအား ၁၁.၈.၂ဝ၁၂ နှင့် ၁၂.၈.၂ဝ၁၂ ရက်နေ့တွင် (၂ဝ) ဦးဖြေဆိုခဲ့ရာ (၁၈) အောင်မြင်ခဲ့ကြသည်။
၁၈.၈.၂ဝ၁၂ ရက်နေ့တွင် တတိယအကြိမ်မြောက် အမှတ်စဉ် ၂/၁၂ ဟိုတယ်သင်တန်းဆင်း အောင် လက် မှတ်ပေးအပ်ပွဲ အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပခဲ့ပါသည်။ ၂/၁၂ ဟိုတယ် သင်တန်း မှ သင်တန်းသား/သူများစုပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၅ဝဝဝဝိ/- ကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အမှာစကား ပြောကြားခဲ့ရာတွင် “သင်တန်းဆင်းအောင်လက်မှတ်ရရှိခဲ့သော သင်တန်းသား/ သူများအနေဖြင့် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်ရာ၌ အတ္တနှင့်ပရ ဒွန်တွဲပြီး လုပ်ကိုင်စေလိုကြောင်း၊ နောင် တချိန်တွင် ယခုကဲ့သို့ မေတ္တာ၊ စေတနာဖြင့် သင်ကြားပေးခဲ့သော ဆရာကြီးများနည်းတူ နောင်အနာဂါတ် မျိုးဆက်သစ်များအား ပရဟိတစိတ်ဓါတ် ပြည့်ဝစွာဖြင့် လက်တွဲခေါ်ယူကြပြီး အများအကျိုးအတွက် ထမ်းဆောင် စေလိုကြောင်း၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ တိုင်းပြည်ထူထောင်ရေးကာလ၌ တာဝန် သိသူများတွင် လုပ်ငန်းတာဝန်များပိနေသော်လည်း လူတိုင်းလူတိုင်း တာဝန်သိသူ၊ တာဝန်ရှိသူ၊ တာဝန် ထမ်း ဆောင်နိုင်သူ၊ တာဝန်ကျေပွန်သူများအဖြစ် ထမ်းဆောင်ကြရန်အတွက် အရေးကြီးကြောင်း” စသဖြင့် ပြောကြား ခဲ့ပြီးနောက် သင်တန်းဆရာကြီး ဦးအောင်ထွန်း (Customer Service & Sale and Marketing Trainer)မှ အမှာ စကားပြောကြားရာတွင် “ယခုဟိုတယ် Hotel Hospitality Training သင်တန်းသည် ဟိုတယ်လုပ်ငန်းတစ်ခုတည်း တွင်သာ အသုံးဝင်သည့် သာမာန်သင်တန်းမဟုတ်ကြောင်း၊ Shopping Mall များ၊ ဘဏ်လုပ်ငန်းများတွင် လုပ်ကိုင် နိုင်ရန်အတွက် ဘက်စုံသင်ကြားပေးခဲ့သော သင်တန်းဖြစ်ကြောင်း၊ သင်တန်းစတင်ချိန်တွင် မိမိတို့၏ ဦးနှောက် များအား ဆေးကြောသန့်စင်ပေး၍ လူတော်လူကောင်း များဖြစ် လာအောင် သင်ကြားပေးခဲ့ကြောင်း၊ တိုင်းပြည် အတွက်၊ ကမ္ဘာအတွက် အကျိုးရှိမည့် Training များပေး ခဲ့
ကြောင်း၊ လူ့ဘဝအတွက်၊ အများအကျိုးအတွက် အကျိုး ဖြစ်ထွန်းစေမည့်သင်ခန်းစာများအား သင်တန်းသား /သူများအနေဖြင့် ကိုယ့်အရည်အချင်း ကိုယ်မြှင့်တင်ကြဖို့၊ ကိုယ့်ဓားကိုယ်သွေးကြဖို့ အရေးကြီးကြောင်း” ပြောကြားခဲ့ပြီးနောက် Distinction အောင်လက်မှတ်အား ပထမ - မသိမ့်ရတနာဇော်၊ ဒုတိယ - မအိအိသိန်း ၊ တတိယ - မောင်နိုင်ကိုကိုအောင်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ချီးမြှင့်ပေး အပ်ပြီး ဆုလက်ဆောင်များ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ Credit လက်မှတ်များ ကို ဆရာဦးအောင်ထွန်း မှ ချီးမြှင့်ခဲ့ရာ မောင်ဝဏ္ဏထွန်း၊ မောင်အောင်မျိုးထွန်း၊ မမြတ်မျိုးခင်၊ မအိဖြူဖြူဝင်း၊ မနုနုခင် တို့ရရှိခဲ့သည်။
ယင်းနောက် Passed အောင်လက်မှတ် များအား ယုဇနဂါးဒင်း ဟိုတယ် မှ GM- ဒေါ်ကေသီနိုင် နှင့်
နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့မှ ချီးမြှင့်ပေးခဲ့သည်။
သင်တန်းသား မောင်အောင်မျိုးထွန်းမှ “ပြင်ပတွင် ဟိုတယ်သင်တန်းသင်ကြားရာတွင် တစ်ဘာသာကို တစ်သိန်း ကျော်ပေး၍ သင်ရကြောင်း၊ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (အခမဲ့) သင်ကြား
ပေးရာတွင် မိမိတို့ အတွက် တန်ဖိုးရှိရှိ သင်ယူခွင့်ရခဲ့သည့်အတွက် သင်တန်းဆရာများနှင့် နာရေးကူညီမှု
အသင်း(ရန်ကုန်)အား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ On Job Training အတွက် ကူညီပေးခဲ့သော ယုဇနဂါးဒင်းဟိုတယ်အား ကျေးဇူးအထူး တင်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း (အခမဲ့) သင်ကြားတက်
မြောက်ခဲ့သည့် ထိုပညာရပ်အား တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် အဖိုးထိုက်တန်စွာ ပြန်လည်ပေး ဆပ်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကာ အောင်မြင်စွာပြီးဆုံးခဲ့သည်။
ထို့ကြောင့် Hotel Hospitality Training သည် ဟိုတယ်လုပ်ငန်းတစ်ခုတွင်သာ အသုံးဝင်သည့် ပညာရပ် မဟုတ်ချေ။ မြန်မာပြည်တွင် ခေတ်စားအောင်မြင်မှုများရှိနေသော Shopping Mall များ၊ နိုင်ငံတကာနှင့် ဆက်ဆံ ရာ၌ အထူးအရေးပါသည့် လူမှုဆက်ဆံရေး၊ ဘဏ်လုပ်ငန်းများ၊ လူတော်လူကောင်းများ ပေါ်ထွန်း လာရေးတို့တွင် အကြုံးဝင်သော အဖိုးမဖြတ်နိုင်သော ပညာရပ်ဖြစ်ပေသည်။ ဆရာကြီး ဦးအောင်ထွန်း ပြောကြားခဲ့သည့် တိုင်းပြည် ထူထောင်ရေးအတွက် ပြည်သူ/သားအားလုံး ကိုယ့်ဓားကိုယ်သွေး၊ ကိုယ့်အရည် အသွေး ထက်မြက် လာအောင် ကိုယ်စွမ်းဆောင်နိုင်ဖို့ အရေးကြီးသော အချိန်ကာလတစ်ခုပင် ဖြစ်တော့ သည်။
( မှတ်တမ်း-ဓာတ်ပုံများ )
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် စေတနာ့ ဝန်ထမ်းများ အားလုံးကို
အထူးကျေးဇူးတင်ပါသည်။
No comments:
Post a Comment