တူရကီနိုင်ငံတွင် ပေါက်ကွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ(၈)ဦး သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ နိုင်ငံတောင်ပိုင်းတွင် ကားဗုံးတစ်လုံး တနင်္လာနေ့ ညပိုင်းက ပေါက်ကွဲခဲ့ပြီး အသေအပျောက် များပြားခဲ့ကြောင်း သတင်းများက ဆိုသည်။ ဂါဇီယန်တပ် မြို့တော်အနီး ရဲစခန်း တစ်ခုနှင့် မလှမ်းမကမ်းတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယင်းမြို့သည် လက်ရှိတွင် တူရကီနှင့် ဆက်ဆံရေး တင်းမာနေသော ဆီးရီးယားနှင့် နယ်စပ်ဒေသတွင် တည်ရှိနေသည်။ သတင်းများက အဆိုပါ ပေါက်ကွဲမှုသည် ကားတစ်စင်းအတွင်း ထည့်သွင်းထားသည့် ဖောက်ခွဲရေး ပစ္စည်းများကြောင့်ဟု ဖော်ပြခဲ့သည်။ ယင်းကားကို လူများရှိနေသည့် ဘတ်စ်ကားမှတ်တိုင် တစ်ခုအနီးတွင် ရပ်ထားပြီး အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဟုလည်း ရဲများက ဆိုသည်။
ယခုအကြမ်းဖက်မှုတွင် တာဝန်ရှိသူ မည်သူမည်ဝါ မသိရသေးသလို မည်သည့် အဖွဲ့အစည်းကမျှလည်း ယင်းကိစ္စအတွက် မိမိတို့ ကြံစည်ကြောင်း မကြေညာသေးချေ။ အဆိုပါ ဒေသတွင် ကာဒစ်ရှ် သူပုန်တပ်ဖွဲ့ PKKက လှုပ်ရှားနေပြီး ၎င်းတို့သည် ယခင်ကလည်း စစ်ယာဉ်တန်းများအား လမ်းဘေးဗုံးများထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။
from- မြန်မာပြည်သား
No comments:
Post a Comment