လွှတ်တော်အသီးသီးရှိ ဆွေးနွေးမှုများကို ပြည်သူများ
သိရှိနိုင်ရန် နိုင်ငံပိုင် ရုပ်သံဖြစ်သော မြန်မာ ရုပ်မြင်သံကြားက ၂၀၁၅ ခုနှစ်
မတိုင်မီ အထိ ထုတ်လွှင့် ပေးနိုင်ဦးမည် မဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊
ဒုတိယ ဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၂
"ဆွေးနွေးချက်များကို တိုက်ရိုက်မထုတ်လွှင့်နိုင်သေးပါဘူး"ဟု ၎င်းကဆိုသည်။
အာဖရိကတိုက်ရှိ ဘော့ဇွာနာ ကဲ့သို့သောနိုင်ငံမျိုးတွင်ပင် လွှတ်တော်ဆွေးနွေးချက် အခင်းအကျင်းများကို တိုင်းရင်းသားဘာသာ စကားများဖြင့် ဘာသာပြန်ကာ တိုက်ရိုက် ထုတ်လွှင့်ပေးနိုင်သည့် အခြေအနေ ရှိကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကမူ မြန်မာ့ရုပ်မြင်သံကြား ဖွဲ့စည်းထားသည့်ပုံစံမှာ Analogue စနစ်ဖြစ်သည့်အတွက် ရုပ်သံလိုင်း (channel) တစ်ခုသာထုတ်လွှင့်၍ရသည့်အတွက် တစ်နေ့လုံး ထုတ်လွှင့်ရန်ပင် မဖြစ်နိုင်ဘဲ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်းတွင်ပင်မထုတ်လွှင့်နိုင်ကြောင်း၊ ၂၀၁၅ မှသာ Analogue စနစ်ကို ပိတ်ကာ Digital စနစ်သို့ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း၊ ထိုအချိန်မှသာ Free to Air ရုပ်သံလိုင်း ၁၅ ခုရှိလာမည် ဖြစ်ပြီး တိုက်ရိုက် ထုတ်လွှင့်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေရှင်းပြောကြားသည်။
ဝေဖန်သူများကမူ ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းစာနှင့် ရုပ်မြင်သံကြားအစီအစဉ်များတွင် လွှတ်တော် ဆွေးနွေးချက် များကို ဖြတ်တောက်မှုများရှိကြောင်း ထောက်ပြကြသည်။
from-The Voice Weekly
No comments:
Post a Comment