ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး၏ ရှင်းလင်းချက်
စာပေစိစစ်နှင့်
မှတ်ပုံတင်ဌာနခွဲက ထုတ်ဝေစာအားလုံးကို ယနေ့က စပြီး ထုတ်တင်
စနစ်ပြောင်းလဲကျင့်သုံးလိုက်တာနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားများက
ဖုန်းနဲ့ဆက် သွယ်မေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အားလုံးသိအောင်
ပြန်ကြားရေးဝန်ကြီးဌာန က ဆောင်ရွက်ခဲ့တဲ့
မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အကျဉ်းချုပ်ကို ရှင်းပြလိုပါတယ်။
အခုနောက်ဆုံးဆောင်ရွက်ခဲ့တဲ့ စာပေစိစစ်ရေးမူများ ဖြေလျှော့ပေးလိုက်မှုဟာ
၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့
ရလဒ်လည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြည်သူ့ဆန္ဒခံယူပွဲ က အတည်ပြုပြီးတဲ့အချိန်က စပြီး ပြန်ကြားရေး
ဝန်ကြီးဌာနဟာ ပြည်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်
ထားတဲ့နိုင်ငံသားများရဲ့အခွင့်အရေးများကို
ဥပဒေနဲ့အညီကျင့်သုံးနိုင်ဖို့အတွက်မီဒီ ယာပြုပြင်ပြောင်း လဲမှုများကို
ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ကြိုတင်လေ့ လာမှုတွေပြုလုပ် ခဲ့ပါတယ်။
အဓိကကတော့ နိုင်ငံတကာရဲ့ ပုံနှိပ်မီဒီယာဥပဒေများ
နြဲ့ပည်တွင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ချက်များကို
လေ့လာခဲ့တာဖြစ်ပါ တယ်။
၂၀၁၁ ခုနှစ်မှာတော့ သမ္မတကြီးရဲ့ မူဝါဒနဲ့ အညီ
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးကို
လုပ်ငန်းစဉ်သုံးခုနဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမလုပ်ငန်း စဉ်မှာ တည်ဆဲ
ဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ
ကပေးအပ်ထား တဲ့ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး
စာပေစိစစ်ရေးမူများကို အဆင့် ဆင့် လျှော့ပေါ့ပေး ခဲ့ပါတယ်။ ဒီလို
လုပ်ဆောင်ရခြင်းဟာ ပြည်တွင်းစာနယ်ဇင်းများ အနေ နဲ့ နောင်ပေါ်ပေါက် လာမယ့်
ပုံနှိပ် မီဒီယာဥပဒေသစ်များနဲ့ သဟာဇာတဖြစ်ဖြစ် လုပ်ဆော င်နိုင် ဖို့
အတွက် အလေ့အကျင့်များ ရရှိအောင် ဆောင်ရွက် ပေးခဲ့ ခြင်းပဲဖြစ်ပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး
စာပေဘာသာရပ်ငါးမျိုးကို ထုတ်တင် စနစ်ကိုပြောင်းလဲကျင့်သုံးဖို့
ဆောင်ရွက်ခဲ့ပါတယ်။ ၀န်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ပြည့်တဲ့
အချိန်မှာ ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေစာအားလုံး
ထုတ်တင်စနစ်ဖြစ်အောင်ဆောင်ရွက်ပါ့မယ်၊အဲဒီအချိန်မှာပေါ်ပေါက်လာတဲ့ကျင့်ဝတ်ဆိုင်ရာပြဿ
နာ များ၊ အငြင်းပွားမှုများ၊ ပြည်သူများရဲ့ ကန့်ကွက်တိုင်ကြားချက်များကို
ကိုင်တွယ် ဖြေရှင်းနို င်ဖို့အတွက် အမြုတေစာနယ်ဇင်းကောင်စီတစ်ခုလည်း
ဖွဲ့ပြီးဖြစ်အောင်ဆောင်ရွက်ပါ့မယ် ဆိုပြီး အထက် အကြီးအကဲများကို
တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မေလအတွင်းမှာ လာမယ့် ဇွန်လကုန်ဆိုရင်
ကြိုတင်စိစစ်တဲ့စနစ်ကို ဖျက်သိမ်းတော့ မယ်လို့ ပြောဆို
မှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီလုပ်ငန်းစဉ်များကိုဆောင်ရွက်တဲ့အခါမှာ
မျှော်လင့် မ ထားတဲ့ အခက်အခဲအချို့ပေါ်ပေါက်ခဲ့တာကြောင့် အခု သြဂုတ်လ ၂၀
ရက်နေ့မှသာ ထုတ်ဝေစာ များကို ကြိုတင်စိစစ်တဲ့စနစ်ကို
ဖျက်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အမြုတေစာ
နယ်ဇင်းကောင်စီနဲ့ပတ်သက်တဲ့အခက်အခဲများကိုလည်းဖြေရှင်းနိုင်ဖို
့ကြိုးစားဆောင် ရွက်နေ ပါ တယ်။
ဒုတိယလုပ်ငန်းစဉ် အနေနဲ့ ၁၉၆၂
ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေကို ဖျက်သိမ်းပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မယ့်
ပုံနှိပ်မီဒီယာ ဥပဒေတစ်ခုကို အသစ် ပြန်လည် ရေးဆွဲဖို့ဆောင်ရွက်ခဲ့ပါ
တယ်။ဒီလိုဆောင် ရွက်နိုင်ဖို့အတွက်၂၀၀၈ ခုနှစ်ကစတင်ပြီး ဒေသတွင်း
မီဒီယာအဖွဲ့ အစည်းများ ရဲ့ အကူအညီနဲ့ နိုင်ငံတကာမီဒီယာဥပဒေများကို
လေ့လာခြင်း၊ ၀န်ကြီးဌာန အနေဖြင့် ပြည် တွင်းစာနယ်ဇင်းများက
သတင်းလွတ်လပ်ခွင့်၊စာနယ်ဇင်း ကျင့်ဝတ်တို့နှင့် ပတ်သက် သည့်ရေးသား
ချက်များကိုလေ့လာစုဆောင်းခြင်းတို့ ကိုပြုလုပ် ခဲ့ပါတယ်။ ဒီနောက် မှာ
ပုံနှိပ်မီဒီယာဥပဒေကြမ်းကိုစတင်ပြုစုခဲ့ပါတယ်။
၂၀၁၁
ခုနှစ်မှာတော့ ယူနက်စကိုအပါအ၀င်နိုင်ငံတကာ အဖွဲ့အစည်းများနဲ့
ဆွေးနွေးညှိနှိုင်းခြင်း၊ ပြည်တွင်း မှာ အလုပ်ရုံဆွေးနွေးပွဲများပြု
လုပ်ခြင်း တို့ကို ဆောင်ရွက်ကာ မူလဥပဒေကြမ်းကို ထပ်မံပြင်ဆင် မှုများ
ပြုလုပ်ပြီး ရှေ့နေချုပ်ရုံးနဲ့
အကြိမ်ကြိမ်ညှိနှိုင်းပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ အခု ဆိုရင် သမ္မတရုံးက
သုံးသပ်အကြံပြုချက်များ နဲ့ ပြန်လည်ပေးပို့လာတဲ့ ဥပဒေမူကြမ်းကို
ထပ်မံပြင်ဆင်ပြီး သြဂုတ်လ ၇ ရက်နေ့ က သမ္မတရုံးကို ပြန်လည်တင်ပြထားပါတယ်။
ဒါဟာ သတ္တမမြောက်မူကြမ်းလည်းဖြစ်ပါတယ်။ ဒီမူကြမ်းကို အတည်ပြုခဲ့ ရင်တော့
လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြည်ထောင်စု လွှတ်တော်ကို
တင်သွင်းမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က လက်ခံစဉ်းစားဖို့သဘော
တူကြောင်းပြန်ကြားလို့ရှိရင် အခြားဥပဒေကြမ်းများ လိုပဲ
နေ့စဉ်ထုတ်သတင်းစာများ ကတ ဆင့် ပြည်သူများလေ့ လာပြီး
လွှတ်တော်ကိုယ်စားလှယ်များထံအကြံပြုနိုင်ဖို့အတွက် ထုတ်ပြန် သွား
မှာဖြစ်ပါတယ်။
တတိယလုပ်ငန်းစဉ်ကတော့
နိုင်ငံပိုင်မီဒီယာများကိုလည်း ပြည်သူ့ရေးရာဝန်ဆောင်မှုမီဒီယာများဖြစ်အောင်
ပြုပြင်ပြောင်းလဲသွားဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကလည်းအဆင့်ဆင့်ရှိပြီး
လက်ရှိအခြေအနေမှာတော့ သတင်းစုဆောင်း မှု၊ ရေး သား မှုပုံစံ
များကိုပြောင်းလဲနိုင်ဖို့အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဝန်ထမ်းများကို လည်း လိုအပ်တဲ့ သင်တန်းပို့ချမှုများပြုလုပ်နေပြီဖြစ်ပါတယ်။
ဒါကတော့ ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၀၈
ခုနှစ်ကစတင်အစပျိုးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လက်တွေ့
စတင်အကောင်အထည်ဖော်ခဲ့တဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်
အကျဉ်းချုပ်ပဲဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်များအတွင်း
ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေမှာ မှားခဲ့တာတွေရှိနိုင်ပါတယ်။
ဘ၀င်မကျနိုင် တာတွေလည်းရှိမှာသေချာပါတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက
ဝန်ကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့်ဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်ပြီး
ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကို ကြိုပမ်း အကောင်အထည်ဖော်ခဲ့တယ်၊
ဆက်ပြီးအကောင်အထည်ဖော် ဖို့လည်းကြိုးစားနေတယ်ဆိုတာကိုတော့ အာမခံချင်ပါတယ်။
ကျွန်တော်တို့အပေါ်မှာ သံသယတွေရှိနေဆဲပဲဆိုတာလည်း သိပါတယ်။ ဒါတွေကို
ကျွန်တော်တို့ရဲု့လုပ်ဆောင် ချက်များ နဲ့
ကျော်လွှားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ကျွန်တော်တို့ ကို မီဒီယာလောက
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးအဖြစ်မမြင်ပဲ လုပ်ဖော်ကိုင်ဘက်အဖြစ်
မြင်လာေ အာင် လည်း ကြိုးစား သွားမှာပါ။
No comments:
Post a Comment