Wednesday, August 22, 2012

KIA အဖွဲ့ဝင်နှစ်ဦးနှင့်အတူ အတင်းအဓမ္မ စုဆောင်းခြင်းခံရသော အရပ်သားနှစ်ဦးအား ဖမ်းဆီးရမိ





၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် မြန်မာတပ်မတော်မှ ဆဒုံး-စတာပါ လမ်းကြောင်း၌ ကင်းပုန်းဝပ်နေ စဉ် ဆဒုံးမြို့တွင်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍ စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအ တွင်း ပလတ်စတစ်ဖြင့် ထုပ်ထားသော တရုတ်လက်ပစ်ဗုံး
(၂)လုံးနှင့်အတူ ၎င်းတို့ ၄ ဦးအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်၌ နှစ်ဦးမှာ ကေအိုင်အေ(ကချင်) အဖွဲ့ တပ်ရင်း (၃)မှ အမှတ် (စိစစ်ဆဲ) တပ်ကြပ်ကြီး အဆင့်ရှိ ငွားချီးနှင့် ကေအိုင်အေ (ကချင်)အဖွဲ့ တပ်ရင်း(၅)မှ အမှတ် (အေ-၅၆၈၁၁) တပ်ကြပ်အဆင့်ရှိ ဇီတာ (ခ) မန်းဂါးတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အခြားနှစ်ဦးမှာ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ များဖြစ်ပြီး မောင်ဝေါလေ (ဘ) ဦးဝေတား (၂၁)နှစ်၊ လီဆူး/ခရစ်ယာန်၊ အောင်မြေ (၁) ကျေးရွာ၊ ဝိုင်းမော်မြို့နှင့် မောင်ဟော်လူခါး (ဘ) ဦဟော်လေး (၁၇)နှစ်၊ လီဆူး/ခရစ်ယာန်၊ ရပ်ကွက် (၄)၊ ဝိုင်းမော်မြို့တို့ဖြစ်ကြောင်း သိရှိရသည်။

KIA အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးအား ဆဒုံရဲစခန်း၌ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး တပ်သားသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ အရပ်သား ၂ ဦးအား ၎င်းတို့၏ အုပ်ထိန်း သူများ ထံသို့ ပြန်လည် လွှဲပြောင်း ဆောင် ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

from-မြ၀တီ

No comments: