၂၀၁၃ ခုနှစ်အတွက် ဂင်းနစ်စံချိန်တင် စာအုပ်တွင် ထည့်သွင်းဖော်ပြရန် ကမ္ဘာ့အရပ်အမြင့်ခွေးအဖြစ် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် အော့တ်စတီဂိုမှ Zeus အမည်ရှိ ခွေးကြီးအား အတည်ပြု ရွေးချယ်လိုက်သည်။
၂၀၁၃ ခုနှစ်အတွက် ဂင်းနစ်စံချိန်တင် စာအုပ်တွင် ထည့်သွင်းဖော်ပြရန်
ကမ္ဘာ့အရပ်အမြင့်ခွေးအဖြစ် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်
အော့တ်စတီဂိုမှ Zeus အမည်ရှိ ခွေးကြီးအား အတည်ပြု ရွေးချယ်လိုက်သည်။ အသက် ၃
နှစ်သား Zeus သည် ခြေထောက်မှ ပခုံးအထိ (foot to shoulder)
အထက်အောက်အမြင့် ၄၄ လက်မရှိကြောင်း သိရသည်။
၎င်း၏ နောက်ခြေထောက်များဖြင့် မတ်မတ်ရပ်လိုက်ပါက ၇ ပေနှင့် ၄ လက်မမြင့်မားကာ သခင်ဖြစ်သူ အမျိုးသမီး၏ အရပ်ထက်ပင် ပိုမိုမြင့်မားသွားသည်။ Zeus သည် အလေးချိန် ၁၅၅ ပေါင်ရှိပြီး သီတင်းနှစ်ပတ်တွင် အစားအစာ ၃၃ ပေါင်ခန့် ပုံမှန်စားလေ့ရှိသည်။
ယခင် ကမ္ဘာ့အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန်တင်ထားသော Gaint George အမည်ရှိ ခွေးကြီးထက် Zeus က တစ်လက်မ ပိုမိုရှည်လျားခြင်း ဖြစ်သည်။ Zeus နှင့်အတူ သွားလာရန်အတွက် ကျယ်ဝန်းရှည်လျားသော ဗင်ကားတစ်စီးကို ဝယ်ယူခဲ့ရကြောင်း ပိုင်ရှင်အမျိုးသမီးက ပြောကြားသည်။

No comments:
Post a Comment