ညမထွက်ရ အမိန့်ဖြင့်ပြစ်ဒဏ် ချမှတ်ခံထားရသူများမှာ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်မဟုတ်ဘဲ အယူ ခံဖြင့်ပြန်လည်လွတ်မြောက်လာကြပြီး ကျန်သူများမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပုဒ်မ ၄၀၁ (၁)ကို လက်မှတ်ရေးထိုး၍ ပြန်လွတ်လာခြင်းဖြစ်သည်။
ပုဒ်မ-၄၀၁(၁)အရ ပြန်လွတ်လာသူများမှာ ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ပါက ပြန်လည်ဖမ်းဆီးခံရကာ ကျန်ရှိနေသောပြစ်ဒဏ်များကိုပါ ယခုပြစ်ဒဏ်နှင့်အတူ သီခြားကျခံရမည်ဖြစ်သည်။ အကျဉ်းသား (၅၁၄) ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း စက်တင်္ဘာ (၁၆) ရက်နေ့တွင်
ကြေ ညာအပြီးယခုကဲ့သို့ ပြန်လည်လွတ်မြောက် လာကြခြင်းဖြစ်သည်။
စစ်တွေမြို့မှ ညမထွက်ရ အမိန့်ဖြင့် ကနဦးအရေးယူထားသူ (၆၁) ဦးရှိသည့်အနက်ယခု (၄၈) ဦးပြန်လွှတ်
ပေးခဲ့ရာ ကျန် (၁၃) ဦးမှာ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးပေ။
ရခိုင်ဒေသ ပဋိပက္ခကြောင့် သေဆုံးသူ (၈၇) ဦး၊ ဒဏ်ရာရသူ (၁၁၁) ဦး ၊မီးလောင်ပျက်စီးအိမ်ပေါင်း (၄၈၂၂) အိမ်၊ လူပေါင်း ခြောက်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန် ထားခဲ့သည်။

No comments:
Post a Comment