ကိုရီးယား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးမှုဖိုရမ်အား စက်တင်ဘာလ ၂၄
ရက်နေ့ မနက် ၉ နာရီတွင် ရန်ကုန်မြို့ ရှိ Chatrium ဟိုတယ်တွင်
ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေး အဓိကထားသည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒသစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ကိုရီးယားနိုင်ငံ၊ Knowledge Economy မှ Deputy Minister ဖြစ်သူ H.E Mr.Jaedo Moon ဦးဆောင်သည့် ကိုရီးယားလုပ်ငန်းရှင် ၃၇ ဦး တက်ရောက်ဆွေးနွေးခဲ့ ကြောင်း၊ အဓိကအားဖြင့်
အထည်ချုပ်၊ ဟိုတယ်ခရီး၊ သတင်းအချက် အလက်နှင့်နည်းပညာ၊ လယ်ယာနှင့် သစ်တော၊ ကျောက်မျက်နှင့် မော်တော်ယာဉ်လုပ်ငန်းများအပါအ၀င် စက်မှုစီးပွားရေးလုပ်ငန်းဆိုင်ရာများ ၌ပါရင်းနှီးမြှုပ်နှံရန်နှင့် အကျိုးတူ လုပ်ကိုင်ရန် ဆွေးနွေးခဲ့ပါသည်။
from - EMG

No comments:
Post a Comment