စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှုကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ချာထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ရွေးချယ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ရွေးချယ်ခဲ့ရာတွင် ဥက္ကဌအဖြစ် ဦးခင်မောင်အေး(တရားရုံးချုပ် တရားသူကြီး (ငြိမ်း)ကိုေ
အတွင်းရေးမှူး နေရာအတွက် ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်-The Voice
Journal)ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ အတွင်းရေးမှူးနေရာအတွက်
ဦးကျော်မင်းဆွေကို Eleven Media Group မှ အမည် စာရင်း တင်သွင်းခဲ့ခြင်း
ဖြစ်သည်။ မူလက အတွင်းရေးမှူး နေရာအတွက် ဦးကိုကို
(ကိုကို-စက်မှုတက္ကသိုလ်)ကို အခြားသူများက အမည်စာရင်း တင်သွင်းခဲ့သော်လည်း
Eleven Media Group မှ ကန့်ကွက်ခဲ့ ပါသည်။ ထို့နောက် တွဲဖက်
အတွင်းရေးမှူးနေရာအတွက် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)
က မိမိကိုယ်ကို အမည်စာရင်း (self-nomination) တင်သွင်း ခဲ့သော်လည်း
တွဲဖက် အတွင်းရေးမှူးအဖြစ် ဒေါ်နန်းကလျာဝင်း(Popular Journal) ကိုသာ
ရွေးချယ်ခဲ့ပါသည်။ ကျန်ရှိသူများ အားလုံးကိုမူ အဖွဲ့ဝင်များအဖြစ်
ရွေးချယ်ခဲ့ကြပါသည်။
စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှုတွင် ဒုတိယ
ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နေရာများ အတွက် ငြင်းပယ်သူ အများအပြား ရှိခဲ့ပြီး
ဒေါက်တာဖေမြင့်၊ ဦးကိုကိုကြီး အစရှိသူတို့ကို တင်သွင်းခဲ့သော်လည်း
ကာယကံရှင်များမှ ငြင်းဆိုသွားခဲ့သည်။
ပြန်လည်ဖွဲ့စည်းခဲ့သည့် စာနယ်ဇင်းကောင်စီ(ယာယီ)အတွက် လျာထား ပုဂ္ဂိုလ်(၃၀)
ဦး ရှိခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးခင်မောင်အေး(တရားရုံးချုပ်
တရားသူကြီး(ငြိမ်း))၊ ဒေါက်တာအောင်ထွန်းသက် (ကျောင်းအုပ်ကြီး United Nation
System Staff College(ငြိမ်း))၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊
ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)၊ ဦးမော်သန်း (စီးပွားရေးပညာရှင်)၊
ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာကျော်ဇောနိုင်၊ ဦးကိုကိုကြီး(၈၈
မျိုးဆက်ကျောင်းသားအဖွဲ့)၊ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်-မြန်မာနိုင်ငံ
စာရေးဆရာအသင်း)၊ ဒေါ်ချိုချိုတင် (မစန္ဒာ-မြန်မာနိုင်ငံ စာရေးဆရာအသင်း)၊
ဦးခင်မောင်လေး(ဖိုးသောကြာ- မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)၊
ဦးစိုးသိမ်း(မောင်ဝံသ-မြန်မာနိုင်ငံသတင်းစာဆရာအသင်း)၊ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း)၊
ဦးအောင်လှထွန်း(မြန်မာနိုင်ငံ သတင်းစာဆရာအသင်း)၊ ဦးသီဟစော(မြန်မာနိုင်ငံ
သတင်းစာဆရာအသင်း)၊ ဦး ဇော်သက်ထွေး(မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ)၊
ဒေါ်အေးအေးဝင်း(မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ)၊
ဦးချစ်ဝင်းမောင်(မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ)၊
ဦးမြင့်ကျော်(Yangon Press International ၊ မြန်မာဂျာနယ်လစ်ကွန်ယက်)၊
ဒေါ်တင်ဇာဇော် (Popular News Journal ၊ မြန်မာဂျာနယ်လစ်ကွန်ယက်)၊
ဒေါက်တာတင်ထွန်းဦး (မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း)၊ ဒေါက်တာသာထွန်းဦး (မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း)၊ ဒေါက်တာသိန်းမြင့်(မန်းနေးဂျင်းဒါ
ရိုက်တာ Eleven Media Group)၊ ဦးသောင်းစုငြိမ်း( အမှုဆောင်အရာရှိချုပ်၊ 7
Day Journal)၊ ဒေါ်နန်းကလျာဝင်း(Popular Journal)၊ ဦးကိုကိုကြီး
(ဟန်ဂေရီကိုကိုကြီး)၊ ဒေါက်တာဖေမြင့် (အယ်ဒီတာချုပ်-ပြည်သူ့ခေတ်ဂျာနယ်)၊ ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်-The Voice Journal)၊ ဦးရဲမင်းဦး(Sky Net)၊ ဦးခင်မောင်ဌေး (Family Entertainment)တို့ ဖြစ်ကြသည်
စာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းမှု အခမ်းအနားသို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တက်ရောကိခဲ့ပါသည်။
from - Myanmar Express

No comments:
Post a Comment