Tuesday, September 18, 2012

မီဒီယာသမားများ တရားစွဲခံရလျှင် ဥရောပသမဂ္ဂကူညီမည်

သတင်းမီဒီယာသမားများအနေဖြင့် တရားစွဲဆိုခြင်းခံရပါက ဥရောပသမဂ္ဂအဖွဲ့ကကူညီမည်ဟု မြန်မာနိုင်ငံ သို့ ရောက်ရှိနေသော ဥရောပသမဂ္ဂ Governence, Democracy, Gender and Human Right အဖွဲ့မှ ဒုတိယခေါင်းဆောင် Mr. Patrice ကပြောသည်။

“မီဒီယာသမားတွေ တရားစွဲခံရပြီဆိုရင် တရားရုံးကုန်ကျစရိတ်တို့၊ ရှေ့နေငှားခတို့ကို မြန်မာပြည်မှာ ဖွင့် ထားတဲ့ အီးယူရုံးမှာ ထုတ်ယူလို့ရပါပြီ” ဟုMr. Patrice က စက်တင်ဘာ ၁၇ ရက် နံနက်က သတင်း
ထောက်အချို့နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အရပ် ဘက်အဖွဲ့အစည်းများ၊ မီဒီယာသမားများနှင့်တွေ့ဆုံရန်ရှိပြီး၊ ဗုဒ္ဓဟူးနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

from - The Voice Weekly

No comments: