Tuesday, September 25, 2012

အာဆီယံ နိုင်ငံများမှ ထုတ်သည့် ကားသစ်များ တင်သွင်းမှုကို အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်


ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ပင်ရင်းနိုင်ငံ လက်မှတ် ATIGA Form-D ကို တင်ပြ နိုင်ပါက အာဆီယံ ကုန်စည် ကုန်သွယ်ရေး သဘောတူ စာချုပ် (ASEAN Trade in Goods Agreement-ATIGA) အရ  အင်ဂျင်ပါဝါ အားလုံး အတွက် အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကောက်ခံ တာဟာ အာဆီယံ ကုန်သွယ်ရေး သဘောတူ စာချုပ် ASEAN Trade in Goods Agreement-ATIGA) အရ အခုလို ကောက်ခံ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက် ရာမှာ အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ ပြည်ပ နိုင်ငံ များမှ ထုတ်လုပ်တဲ့ မော်တော် ယာဉ်များ တင်သွင်းပါက အင်ဂျင်ပါဝါ ၂၀၀၀ စီစီနဲ့အောက် မော်တော်ယာဉ် များကို အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက် ရှိပါတယ်။ ဒါ့အပြင် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အထက် ယာဉ်တွေ ကိုတော့ အကောက်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆီယံ နိုင်ငံများမှ
ထုတ်လုပ်တဲ့ အခြားသော ကုန်ပစ္စည်းများ တင်သွင်းရာ မှာလည်း အကောက်ခွန် သက်သာခွင့် ခံစားနိုင်ဖို့ အတွက် အာဆီယံ ကုန်စည် ကုန်သွယ်ရေး သဘောတူ စာချုပ်ပါရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အဆိုပါ စာချုပ် မပါရှိဘူး ဆိုရင်တော့ တင်သွင်းလာတဲ့ ကုန်ပစ္စည်း အမျိုးအစားကို မူတည်ပြီး မြန်မာ အကောက်ခွန် နှုန်းထား ၂၀၁၂ ပါ အကောက်ခွန် နှုန်းထားများ အတိုင်း ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
  
အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အာဆီယံ နိုင်ငံများမှ ထုတ်လုပ်တဲ့ မော်တော်ယာဉ် အသစ်များ တင်သွင်း ပါက
From : MRTV4

No comments: