ပြီးခဲ့တဲ့
စက်တင်ဘာလ(၁၃)ရက်နေ့က မှော်ဝန်းကလေးကျေးရွာ၊ စွန့်ငိုင်ရွာကြားမှာ KIA မှ
မိုင်းဖောက် ခွဲမှု ကြောင့် သေဆုံးသွားခဲ့တဲ့ အသက်(၁၃)နှစ်အရွယ်ရှိ
မဂျာဆိုင်းအိမ်ရဲ့ မိဘများထံသို့ KIA အဖွဲ့မှ မနေ့က မနက်ပိုင်း
(၁၅)ရက်နေ့မှာ လူလွှတ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
KIA
အဖွဲ့မှ မဂျာဆိုင်းအိမ်ရဲ့ မိဘတွေဖြစ်တဲ့ ဦးဘရမ်ရော်
နှင့်ဒေါ်ဘောက်ဂျာပူတို့အား ၎င်းတို့ မိုင်းထောင် ဖောက်ခွဲ၍
သေဆုံးခဲ့ရမှုကြောင့် များစွာဝမ်းနည်းရကြောင်း ၊ ၎င်းတို့၏ လုပ်ရပ်သည် ယခုလို
ဖြစ်ရပ်မျိုး ဖြစ်ပေါ် လာစေရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်းနှင့်
လျော်ကြေးငွေအဖြစ် အသုဘအကူငွေ
အဖြစ် ငွေကျပ် ၂ သိန်း လာရောက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၎င်းဖြစ်ရပ်အား ယခုထက်ပို၍ အကျယ်တ၀င့် မပျံ့နှံ့စေရန် နှင့် အဖြစ်မှန်အား KIO ခေါင်းဆောင်များသို့ သွားရောက်တိုင်ကြားခြင်းမျိုး မပြုလုပ်ရန် သတိပေးပြောကြား ခဲ့တယ်လို့ သိရပါတယ်။
အဖြစ် ငွေကျပ် ၂ သိန်း လာရောက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၎င်းဖြစ်ရပ်အား ယခုထက်ပို၍ အကျယ်တ၀င့် မပျံ့နှံ့စေရန် နှင့် အဖြစ်မှန်အား KIO ခေါင်းဆောင်များသို့ သွားရောက်တိုင်ကြားခြင်းမျိုး မပြုလုပ်ရန် သတိပေးပြောကြား ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့
မဂျာဆိုင်းအိမ်နဲ့တကွ အဆိုပါမိုင်းဖောက်ခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့
ဒေသခံကချင်လူမျိုး များနဲ့ ကျောင်းသားကျောင်းသူများရဲ့ နေအိမ်များသို့ပါ
လိုက်လံတောင်းပန်ပြောကြားခဲ့ပါတယ်။ ကျေးရွာ လူကြီး များနှင့်
ရပ်မိရပ်ဖများကို ခေါ်ယူကာ မိုင်းဖောက်ခွဲခဲ့သော KIA အဖွဲ့ဝင်များအား
တပ်မဟာမှူးများမှ အရေးယူ ထားကြောင်းနှင့် နောင်တွင် ယခုလိုဖြစ်ရပ်မျိုး
လုံးဝဖြစ်မလာစေရဟု ကတိပေးပြောကြား သွားခဲ့ပါတယ်။ ၎င်းတို့ရဲ့ လုပ်ရပ်ဟာ
ဗမာစစ်ကြောင်းအား တိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း ယခုလို ဒေသခံများကို
ထိခိုက်သည့်အတွက် ဒေသခံမိသားစုများနှင့်ထပ်တူ များစွာဝမ်းနည်းကြေကွဲရ
ပါတယ်လို့ KIA အဖွဲ့မှ ဗိုလ်အဆင့်ရှိသူ မရစ်ဇော်နောင် က
ပြောကြားသွားခဲ့ပါတယ်။
သေဆုံးခဲ့တဲ့
မဂျာဆိုင်းအိမ်ကို (၁၅)ရက်နေ့ နေ့လည် (၁၂)နာရီတွင် သင်္ဂြိုလ်ခဲ့ပြီး
သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာဦးရီတူးဂျာမှ ဘ၀ကူးကောင်းမွန်စေရန်
ဆုတောင်းမေတ္တာ ပို့သပေးခဲ့တယ်လို့ သိရ ပါတယ်။ အဆိုပါ အသုဘအခမ်းအနားကို
မှော်ဝန်းကလေးကျေးရွာရှိ ကျောင်းမှ ဆရာ၊ဆရာမများ ၊ ကျောင်းသား၊
ကျောင်းသူများအပြင် စွန့်ငိုင်ရွာနှင့် မှော်ဝန်းကလေးကျေးရွာမှ ဒေသခံတွေ
အများအပြား လိုက်လံ ပို့ဆောင်ခဲ့တယ်လို့ စွန့်ငိုင်ကျေးရွာရှိ
ဒေသခံတစ်ဦးမှ KDN သတင်းဌာနသို့ ပြောကြားလာခဲ့ ပါတယ်။
No comments:
Post a Comment