သေဆုံးသွားသည့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်
လစ်ဗျားတွင်
ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရမှု သမ္မတ
အိုဘားမားက သတင်းစာရှင်းလင်းပွဲမှာ ၀မ်းနည်းကြောင်း ပြောဆိုပြီး အကြမ်းဖက်
လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချလိုက် ပါတယ်။
အခုလို ဖြစ်တာနဲ့ ပတ်သက်၍ 9/11 ဖြစ်စဉ်နဲ့ချိတ်ဆက်ပြောပြနေတဲ့ သမ္မတ အိုဘားမား ကလည်း သတင်း စာ ရှင်းလင်းပွဲကိုလည်း ကြည့်ရှု့နိုင်ပါတယ်။
မကြာသေးမီကမှ
ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီး ကဒါဖီ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တဲ့
လစ်ဗျားနိုင်ငံရဲ့ ဘန်ဂါဇီမြို့မှာ သူပုန် များရဲ့ အင်္ဂါနေ့က တိုက်ပွဲ
တခုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်နဲ့
သံရုံး ၀န် ထမ်း ၃ ဦး သေဆုံးသွားခဲ့တာကို ကမ္ဘာတ၀န်း ကြားဖြတ် သတင်းများ
မှာ ဖော်ပြနေပါတယ်။
သူပုန်တွေဟာ ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့အတွက် သံရုံးဟာ အတော် ပျက်ဆီးသွား ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာတလွှား သတင်းဌာနကြီးတချို့က သတင်း တင်ဆက်မှုများကို တင်ပြပေးလိုက်ပါတယ်။

from - www.thanlwinriver.blogspot.com

No comments:
Post a Comment