Wednesday, October 31, 2012
Android ရဲ့ နောက်ဆုံးဗားရှင်း Andorid 4.2 (Jelly Bean) ကို ထုတ်ပြန် ကြေညာပြီး ဖြစ်ပါတယ်။ ပထမဆုံး မြင်တွေ့ရမယ့် Jelly Bean နဲ့ စမတ်ဖုန်း၊ Tablet ကတော့ LG
နဲ့တွဲထုတ်တဲ့ Nexus 4 စမတ်ဖုန်းနဲ့ Samsung နဲ့တွဲထုတ်တဲ့ Nexus10မှာဖြစ် တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလက ၁၃ ရက်နေ့မှာ ဖြန့်ချိမယ့်
ပစ္စည်းသစ်များ ဖြစ်ပါတယ်။ HTC One X , Samsung Galaxy SIII , Samsung
Galaxy Note II အစရှိတဲ့ စမတ်ဖုန်းများကတော့ Andorid 4.1.1 အဆင့်ထိပဲ Upgrade လုပ်နိုင်အုံး မှာ ဖြစ်ပါတယ်။ Nexus 7 -tablet ကတော့ 4.1.2 အထိရမယ်လို့ ဆိုပါတယ်။ Jelly Bean (4.2)အထိ Upgrade ပြုလုပ်နိုင်အုံးမှာ မဟုတ်ပါဘူး။သို့ပေမယ့် HTC ကတော့ နိုဝင်ဘာလအကုန်မှာ HTC ဖုန်းများ 4.2 -upgrade
လုပ်နိုင်ရစေမယ်လို့ အာမခံထားပါတယ်။ Samsung လည်း Google ရဲ့  4.2
အသုံးပြုလို့ ရအောင် ကြိုးစားပေးလျက် ရှိပါတယ်။
လက်တလော Jelly Bean (4.2) အသုံးပြုလိုသူများကတော့ Nexus products တွေပဲ ဝယ်ယူရမှာ ဖြစ်တယ် လို့ ပြောဆိုထားပါတယ်။
---
TechSpace Journal

No comments:
Post a Comment