Wednesday, October 17, 2012

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော

Wednesday, October 17, 2012
လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ
တောင်သူလယ်သမားသမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်းမစုစုနွေးက ပြောသည်။တောင်သူလယ်သမားသမဂ္ဂအဖွဲ့ငယ်များ အားရပ်/ကျေးအဆင့်မှစတင်ကာဖွဲ့စည်းနေကြောင်းမုံရွာမြို့သို့ရောက်ရှိနေ သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်မစုစုနွေးက ပြောဆို လိုက်ခြင်း ဖြစ်သည်။ “တောင်သူလယ်သမား သမဂ္ဂ (မုံရွာခရိုင်) ပေါ့။ ၃ဝ ရှိရင် အသင်းအဖွဲ့ ဖွဲ့ခွင့်ရှိတယ်လေ။ ကျမတို့မှာ ၃ဝ မကပါဘူး။ ရပ်/ကျေး အဆင့်သမဂ္ဂ အဖွဲ့တဖွဲ့တိုင်းမှာ အနည်းဆုံး အလုပ်အမှုဆောင် ၄ဝ-၅ဝ ရှိတယ်။ ဝင်ခွင့်လျှောက်လွှာမှာ မည်သူမဆို ဝင်ခွင့် ပေးထားတယ်။ အဓိက က မြန်မာတနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီးပေါ်ပေါက်ဖို့ပဲ” ဟု မဇ္ဈိမကို သည်။စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအုပ်စုများ စုစည်း၍ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ငယ်ပေါင်း ၁ဝ ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။တိုင်းပြည်၏အခြားနေရာများကဲ့သို့စစ်ကိုင်းတိုင်းတွင်လည်းလယ်ယာမြေ
သိမ်းခံရမှုများ ဖြစ်ပွားနေကြောင်း သူက ဆက်ပြောသည်။“ဓါးမဦးချ တောင်သူတွေက တောရိုင်းမြေတွေကို ခုတ်ထွင်တယ်ရှင်။တောရိုင်းတွေကျသွားတော့ထွန်ကြယက်ကြတယ်။ မြေတွေ ကောင်းလာတော့ကုမ္ပဏီတွေက သူတို့ပိုင်ဆိုင်တယ်ဆိုပြီး ပြောလာတယ်ရှင်။တဧကကိုသိန်းတရာကျော်လောက်ရှိတယ်။ တောင်သူတွေသွားပြောတဲ့ အခါကျတော့ဥပဒေနဲ့ရှင်းတယ်ပေါ့။ပုဒ်မတပ်တရားစွဲခံနေရတဲ့တောင်သူတွေတရားရုံးမှာရင်ဆိုင်နေရတာတွေ ရှိနေတယ်” ဟု မစုစုနွေး က ဆိုသည်။မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်တရုတ်ကုမ္ပဏီဝမ်ပေါင်တို့ဖက်စပ် လုပ်ဆောင်သည့် ဆားလင်းကြီး မြို့နယ်ရှိလက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှလည်းလယ်ယာဧကပေါင်း ၇,၈ဝဝ ကျော်သိမ်းယူထားသည်။လယ်သမားသမဂ္ဂများဖွဲ့စည်းနိုင်ရေးအစိုးရအားတရားဝင်တင်ပြသွားမှာဖြစ်ပြီး
 တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် သင်တန်းများ၊ တောင်သူများ သိသင့်သိထိုက်သည့်ဥ ပဒေများအား ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ပို့ချသွားမည်ဟု ဆိုသည်။“ဘဘ ဝိဓူရ သခင်ချစ်မောင်တို့ လုပ်ခဲ့တဲ့ အတိုင်းပဲ ကျမတို့လုပ်မယ်။ အရင် တောင်သူလယ်သမား သမဂ္ဂအလံက အနီအောက်ခံမှာ ကြယ်ဖြူတလုံးတည်း။ ဘဘတို့ ခေတ်တုန်းက တရားပွဲတွေ၊ ဟောပြောပွဲလုပ်ခဲ့တယ်။ တောင်သူ လယ်သ မားတွေကိုအကာအကွယ်ပေးဖို့တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တောင်သူလယ်သမားအဖွဲ့ကြီးတဖွဲ့ ပေါ်ဖို့ကြိုးစားခဲ့ဖူးတယ်” ဟု မဇ္စျိမကို ပြော သ ည် ။၁ ၉ ၃ ၉  ခုနှစ်က မြန် မာနို င်ငံတွင် ပထမဆုံး ပေါ်ေ ပါက်လာသည့် ဗမာနို င်ငံ
လုံးဆို င်ရာ တောင် သူလယ် သမား အစည်း အရုံး (ဗတလစ)ကို  သခင်မြ  ဥက္ကဋ္ဌ အဖြစ် ဆောင် ရွက်ပြီး သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသည်တို့က အမှုဆောင်များအဖြစ်ပါဝင်ကာ လွတ်လပ်ရေးကြိုးပမ်း
မှုတွင် ရှေ့တန်းမှ ညီညွတ်စွာ ပါဝင်ခဲ့ကြသည်။တလညစ ကိုမူ လွတ်လပ်ရေးရပြီး ၁၉၅ဝ ခုတွင် အာဏာရ ဖဆပလ ၏ ဆိုရှယ်လစ် ပါတီတွင်းမှ သခင်ချစ်မောင်တို့ ဆိုရှယ်နီများ ခွဲထွက်ပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ ပမညတ တွင် ပါဝင်ခဲ့သည်။သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ စစ်အာဏာ
သိမ်းပြီးေ နာက် ဗတလစ၊ တလ ညစ တို့ အပါ အဝင် သမဂ္ဂ အား လုံး တ ရား မ ဝင် ဖျက်သိမ်း ခံခဲ့ ရ သည်။

No comments: