Wednesday, October 17, 2012

သမ္မတနှင့် မိတ်ဆွေ ၁၀ ပါတီ ဒုတိယအကြိမ် တွေ့ဆုံမည်

Wednesday, October 17, 2012
နိုင်ငံတော်သမ္မတနှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ တို့ မကြာမီရက်ပိုင်းအတွင်း ဒုတိယ အကြိမ် တွေ့ဆုံ မည်ဖြစ်ကြောင်း မိတ်ဆွေ ၁၀ ပါတီဝင် ဒီမိုက ရက် တစ် ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။ ထို သို့ တွေ့ ဆုံရန်နိုင်ငံတော်သမ္မတရုံးမှ အကြောင်း ကြား ထားခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတ ၏ ကိုရီး ယားနိုင်ငံ ချစ်ကြည်ရေး ခရီး စဉ်အပြီး တွင် တွေ့ဆုံ သွားရန် ဖြစ်ကြောင်း သိရ သည် ။ ထိုသို့ တွေ့ဆုံရာ တွင် မိတ်ဆွေ ၁၀ ပါတီမှ ဖက်ဒရယ်မူနှင့် မကြာမီ လွှတ်တော်သို့တင်ပြလာမည့် ရွေးကောက် ပွဲအချိုး ကျ ကိုယ် တာ စနစ်နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြ သွားရန် ရှိကြောင်း သိရသည်။ “သမ္မတ အား မယ့် ရက် မှာ တွေ့သွားမယ်လို့ ပြောတယ်။ ရက်တော့ အတိအကျ မသိရသေးပေမယ့် မကြာမီ ရက်ပိုင်းေ လာက်ေ တာ့ ဖြစ် မယ် ထင်တယ်။ အဲဒီအတွက်လဲ သမ္မတ နဲ့ တွေ့တဲ့ အခါမှာ ဆွေးနွေးသွားဖို့အချက်နှစ်ချက် ပြင်ဆင် ထားတယ်။ အစည်းအဝေးလဲ လုပ်ပြီးသွားပြီ” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဥ ဦးသုဝေက ဆိုသည်။ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် (ဘဏ္ဍာရေးမှူး) ဦးစောသန်းမြင့်က “အရင် ဆုံး သမ္မတအကြံပေးအဖွဲ့နဲ့ အရင်တွေ့ရမယ်ထင်တယ်။ သမ္မတက တွေ့မယ်လို့ အကြောင်းကြားတာတော့ ဟုတ်တယ်။ ဘယ်တော့ တွေ့မယ်ဆိုတာတော့ မသိသေးဘူး။ ဖက်ဒရယ်နဲ့ ပီအာရ်စနစ်ကို ၁၀ ပါတီအနေနဲ့ တင်ပြသွားမယ်။ ပီအာရ်ကလဲ လွှတ်တော်ကို ကော်မရှင်က ဥပဒေကြမ်းအဖြစ် တင်မှာဆိုတော့ လွှတ်တော် က ဆုံးဖြတ် ရမှာပါ” ဟု ဆိုသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယ အကြိမ် တွေ့ဆုံရာ၌ ဖက်ဒရယ် မူကို တင်ြ ပေ ဆွးနွေး ရာ တွင် မိတ်ဆွေ ၁၀ ပါတီထဲမှ တိုင်းရင်းသားပါတီများ၏ သဘောထားမှာ ယခင် ဖက်ဒရယ် မူ သည် ခွဲ ထွက်ရေးနှင့် ဆက်စပ်နေသော်လည်း ပြည်နယ် မှ လူမျိုးအများ စုနှင့် တိုင်းရင်းသား ပါ တီများ က ရှစ်ပြည်နယ် ခွဲထွက်ရေးကို အားပေးလက်ခံခြင်း မဟုတ်ဘဲ လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အာ ဏာခွဲဝေမှု မျှတစွာဖြင့် ရရှိမည့် ဖက်ဒရယ်မူကို တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ပင် ပီအာရ်စနစ်သည်လည်း မကြာမီ ကျင်းပမည့် ပဉ္စမအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင်ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှတင်သွင်းမည့် အချိုးကျကိုယ်တာ စနစ်နှင့် ပတ်သက်၍၁၀ပါတီမှ ဆွေးနွေးသွား မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ထုတ်ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထား ပါသည်။

No comments: