Thursday, October 18, 2012
ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း ကပရိသတ်တွေ ရဲ့လက်ခံအားပေးမှုကို ခုချိန် အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။ ယွန်းယွန်း
ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း ကပရိသတ်တွေ ရဲ့လက်ခံအားပေးမှုကို ခုချိန် အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။ ယွန်းယွန်း
က လူငယ်ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ရင်း က ရွေးချယ်ခံ လိုက် ရကြောင်း လည်း သိရပါတယ်။”ရုပ်ရှင် အစည်းအရုံး ကနေပြီးတော့ လူငယ် ဒါရိုက်တာ ပြိုင်ပွဲ
”သုံးပွင့်ဆိုင်” ဇာတ်လမ်းတို ပြိုင်ပွဲကို ခေါ်နေတယ်လို့
သတင်းရတယ်ပေါ့နော်။ မေမေက လည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက
ကလေး သရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာဆိုတော့ ဒါရိုက်တာ လုပ်တာကို
စိတ်ဝင်စားတယ်။ အဲဒီ အလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။၃မိနစ်စာဇာတ်လမ်းဆိုတော့လည်း ကိုယ်လုပ်နိုင် မယ်လို့ထင်တယ်ပေါ့နော်။ဇာတ်လမ်းကြီးလည်း မဟုတ်တော့ အဓိက ကတော့ စိတ်ဝင်စားလို့
ဝင်ပြိုင်ဖြစ်သွားတယ်။ သရုပ်ဆောင်ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ
သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီးတော့ ထွေထွေထူးထူး ပြင်ဆင်ရတာမျိုးတော့
မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ ရက်မှ
စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်းမြန်မြန်ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံလိုက်ရတယ်”လို့
ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။ ယွန်းယွန်း က မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ခုလိုသွားရတဲ့ အတွက် ဗဟုသုတတွေ အများကြီးရမယ်လို့လည်း မျှော်လင့်ထားပြီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ ”စိတ်ဝင်စားတာ တစ်ခုတည်းနဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွားတော့ တကယ်ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာဆိုတော့ ဗဟုသုတတွေ အများကြီးရမှာဖြစ်တယ်လို့ မျှော်လင့်ထားတဲ့အတွက် ပျော်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့အတွက်ကိုလည်း ဝမ်းသာပါတယ်”လို့ ပြောပြသွားပါတယ်။

No comments:
Post a Comment