Monday, 22 October 2012
အသက်ရှင်ရပ်တည်ဖို့နှင့် တစ်ဝမ်းတစ်ခါးအတွက် အမြို့မြို့ အနယ်နယ်မှ လာရောက်ခါ အလုပ် လုပ်ကိုင်နေကျပါသော်လည်း လစာမရသည့်ဖြစ်ရပ်
များ နေပြည် တော်ရှိလုပ်ငန်းခွင်တော်တော်များများ တွင် ဖြစ်ပေါ်နေကြောင်းသိရသည်။အဆိုပါကဲ့သို့ လစာမရရှိမှု များကြောင့် နေပြည်တော်ဒက်္ခိဏ သီရိမြို့ရှိ NLD ရုံးသို့တိုင်ကြား ထားကာ NLD ရုံး မှတာဝန်ခံ ဦးမြင့်ဝေမှပြောကြားရာတွင် ““ဦး တို့ ဒိက္ခိဏသီရိမြို့က မြို့သစ်ဖြစ် တယ်မြို့သစ်ဖြစ်တော့ တည်ဆောက်ရေးအပိုင်းတွေ ဒိက်္ခိဏ သီရိရပ်ကွက်တွေမှာ သူဌေးတွေ ဘာတွေလာတယ် ပိုက်ဆံရှိတဲ့ အတန်းစားတွေဆိုတော့ အိမ်တွေကို လေးလုံးငါးလုံးဆောက်ကြတယ်။ပိုက်ဆံတက်နိုင်တာကို အများကြီးတက်နိုင်တော့ သူတို့ အဲတာတွေဆောက်တော့အလုပ်သမားတွေငှားတယ် နယ်ပေါင်းစုံက ငှားတယ်နယ်ပေါင်းစုံကလည်း လာပြီးလုပ်ကျတယ်။ပြီးတော့ သူတို့ကို အလုပ်ရှင်ကာ ဂရုမစိုက်ဘူး လုပ်အားခလည်းမရဘူးဖြစ်နေ တယ်။စားစရိတ်လောက်ပဲထုတ် ပေးပြီးတော့ ငါးလခြောက်လ နေ တာတောင်လစာမရတဲ့သူတွေက အများကြီးဖြစ်နေတယ်။အဲလိုမရ ကြတဲ့အခါကြတော့ ဦးတို့ရုံးကို လာတိုက်တာပေါ့။အဲလိုကြတော့ ဦးတို့က မဆောင်ရွက်ပေးလို့မ ဖြစ်ပြန်ဘူး။ကိုယ်ကိုယ့်လည်းတစ် ခဲနက်ထောက်ခံထားတဲ့ ပြည်သူလူထုလေ စည်းရုံးရေးပွဲမှာတွေ လည်း ပြည်သူတွေအတွက်ပဲလုပ် ပါမယ်လို့ပြောထားတော့ ဦးတို့က သက်ဆိုင်ရာနဲ့သူရဲ့လမ်းကြောင်း ပေါ်မှာတင်ပေးတယ် ပြီးတော့ ဌာနဆိုင်ရာတွေကိုတိုင်ဖို့အတွက် ကြတော့လည်း ရဖို့က(၁)သိန်း ကုန်မှာက(၃)သိန်းလောက်ဖြစ်နေ တယ်””ဟု ပြောကြားခဲ့သည်။အစိုးရ၀န်ထမ်းအငြိမ်းစား တစ်ဦးမှ အလုပ်အရေးနှင့်ပတ် သက်လို့သုံးသပ်ရာတွင်လည်း ““အခုဦးတို့ နေပြည်တော်မှာ စီမံကိန်းတွေတော်တော်များများနား ထားရတယ် အဲလိုနားထားတဲ့အခါ ကျတော့ ဆောက်လုပ်ရေးတွေ ကလည်း ပစ်္စည်းမှာတော့ ရန်ကုန်အထိမှာရတော့ ပိုက်ဆံကိုတော် တော်နဲ့မရှင်းပေးနိုင်ဘူး လုပ်ငန်းရှင်တွေကလည်း စီမံကိန်းတွေနားထားရသေးတော့ငွေကမပြေ လည်သေးဘူး အဲလိုတွေကြောင့် နေပြည်တော်ရှိ မြို့တော်တော် များများမှာဖြစ်နေတယ်””ဟု အလုပ် သမားအရေးသုံးသပ်သူ တစ်ဦး မှပြောကြားခဲ့သည်။အထက်ပါကဲ့သို့ အဖြစ်ပျက်များကြောင့် နေပြည်တော်ရှိ အလုပ်သမားများသည် ဒုက်္ခရောက်လျက်ရှိကြောင်းသိရှိရသည်။
The Hot News

No comments:
Post a Comment