Monday, October 22, 2012

အမေရိကန်နိုင်ငံ အလှပြင်ဆိုင်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား

Monday, 22 October 2012
အမေရိကန် နိုင်ငံ၊ ဝစ်ကွန်ဆင် ဒေသရှိ  တစ်ခုတွင် သေနတ်သမား တစ်ဦးက လူ(၃)ဦးကို ပစ်သတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်မှု ဖြစ်ပွား ခဲ့ေ ကြာင်း သိရှိရသည်။ မစ်ဝေါ့ကီရှိ အလှပြင် ဆိုင်သည် အဆိုပါသေနတ် သမား၏ ဇနီးဖြစ်သူ အလုပ်လုပ်နေသော နေရာလည်း ဖြစ်သည်။ တနင်္ဂနွေနေ့က အသက်(၄၆)နှစ်ရှိ ရက်က လစ်ဖ် ဟောက် တန်သည် လူ(၃)ဦးကို ပစ်သတ်ကာ လူ(၄)ဦးကို ဒဏ်ရာ ရစေခဲ့သည့်နောက် မိမိကိုယ် ကိုယ်ပါ အဆုံးစီရင်သွားကြောင်း ရဲများက ပြောကြားခဲ့သည်။ ၎င်းသည်ယခုပစ်ခတ်မှု မတိုင်မီ (၂)ပတ်ကလည်း ဇနီးဖြစ်သူ၏ ကားတာရာများကို လှီးဖြတ်ထားကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ရက်ကလစ်ဖ်သည် ဇနီးသည်အား ရန်ပြုမှုအတွက် သတိပေးခံထားရသလို ၎င်းကိုင်ဆောင်ထားသည့် လက်နက်ကို အပ်နှံရန် ယခုလအတွင်း အမိန့်ချမှတ်ခံထားရသေးသည်။"ခုဖြစ်စဉ် က အိမ်တွင်းပြဿနာနဲ့ ဆိုင်မယ် ထင်ပါတယ်"ဟု ဘရွတ်ဖီးလ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်နီရယ်လ် တူရှာအက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ Azana Salon & Spaတွင် ပစ်သတ်ခံရသူ (၃)ဦးလုံးသည် အမျိုးသမီးများ ဖြစ်ကြကြောင်းလည်း တူရှာအက်စ်က ဆိုသည်။ သေဆုံးသူများ စာရင်းတွင် ရက်ကလစ်ဖ်၏ ဇနီးဖြစ်သူ ပါမပါကိုလည်း ရဲက တိတိကျကျ သတင်းမထုတ်ပြန်ခဲ့ချေ။ ယခုကိစ္စသည် အမေရိကန်ရှိ အလှပြင်ဆိုင် တစ်ခုတွင် ရက်ပိုင်းအတွင်း ဒုတိယမြောက်ဖြစ်ပေါ်သော ပစ်ခတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ကြာသပတေးနေ့ကလည်း သေနတ်သမား တစ်ဦးသည် ဖလော်ရီဒါရှိအော်လန်ဒို အရပ်မှ အလှပြင်ဆိုင် တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရာ အမျိုးသမီး (၃)ဦး သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ဒဏ်ရာရသွားခဲ့သည်။ ထိုသူသည်လည်း အခင်းဖြစ်ရာ နေရာမှ ထွက်ပြေးသွားပြီး အနီးရှိ နေအိမ် တစ်ခုရှေ့တွင် မိမိကိုယ်ကိုယ် ပစ်သတ်ခဲ့သည်။ ထိုသူမှာ ဇနီးဖြစ်သူနှင့်ဝေးဝေးနေရန် တရားရုံးမှ အမိန့်ထုတ်ပြန်မှု ခံထားရသည်။ဝစ်ကွန်ဆင်တွင် ဖြစ်ပွားသော ယခုပစ်ခတ်မှုမှာလည်း ရက်ကလစ်ဖ်သည် ဇနီးသည်ကို အဓိက ရည်ရွယ် လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သတင်းများကဖော်ပြသွားသည်။

No comments: