Tuesday, October 23, 2012

လွပ်လပ်ရေးကျောက်တိုင် မြေနေရာပြန်လည် ရရှိရေး နှင့် ညောပင်သာ ကျေးရွာဆက်သွယ်ရေး လမ်းမကြီးအား ပိတ်ကာ ဆန်စက်လုပ်ငန်း လုပ်ကိုင်နေပါသဖြင့် အများပြည်သူနှင့် တောင်သူလယ်သမားအခက်တွေ့

TUESDAY, OCTOBER 23, 2012
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူြး
မို့ နယ်ညောင် ပင်သာကျေးရွာ တွင်1951 ခုနှစ်က တည်ဆောက် ထားခဲ့သော လွပ်လပ်ရေးကျောက်တိုင် တစ်ခုရှိ ပါသည်။2006ခုနှစ်နောက်ပိုင်းတွင်လွပ် လပ်ရေးေ ကျာက် တိုင်အရှေ့ဘက်တွင် စတိုးဆိုင် နှင့်ဆီစက် ၊ အနောက်ဘက် တွင်လည်းစိန် ကမ္ဘာဆန် စက်နှင့်ဈေးဆိုင်များ မြောက်ဘက်တွင် လည်းအာင် သစ္စာ ဆန်စက်တို့ မှာ လွပ်လပ်ရေးကျောက်တိုင်၏ နယ်မြေတွင် ကျူးကျော်ဆောက်လုပ်ထားပါသည်။ယခု အခါ ထို လွပ်လပ်ရေးကျောက်တိုင် မှာ အောက်ခြေပိုင်းမှာ ပျက်စီးစပြုနေပြီး ထိုလွပ်လပ်ရေးကျောက်တိုင်ကိုပြု ပြင်ထိန်းသိမ်းရန်နှင့်ရက်ပေါင်း
(70) ကြာကျန်ရှိတော့သည့် ညောင်ပင်သာကျေးရွာတွင်လည်း အခြား မြို့ရွာများနည်းတူ လွပ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်ကျင်းပနိုင်ရန် လွပ်လပ်ရေးကျောက်တိုင် မြေနေရာ ပြန်လည်ရရှိလိုပါသည် ။လွပ်လပ်ရေး ကျောက်တိုင် ဆောက်လုပ်စဉ်ထဲက လူကြီးများ၏အမြှော်အမြင် ကြီးစွာမီးရထားဝန်ကြီး ပိုင်မြေ နှင့်ရပ်ရွာပိုင် တာရိုးတမံ မြေပေါ်တွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သဖြင့် ၄င်းမြေကို ခြံပြေစာ ဂရမ်ထုပ်ယူခွင့်မရနိုင်ပါကြောင်းကို မြို့နယ်မြေစာရင်းဦးစီးဌာနညောင်ပင်သာကျေးရွာ မြေပုံပေါ်တွင်သိရှိခဲ့ပါ
သည်။ယခင် ကတည်းက မြို့နယ်မြေစာရင်းဦးစီးဌာနတွင် မြေပုံပေါ်တွင် တည်ရှိသော ပေ (၄၀)အကျယ်ညောင်ပင်သာ ရွာအ၀င်ဆက်သွယ်ရေး လမ်းအား 2002 ခုနှစ်က လမ်းကြောင်းပြောင်းကာ ပိတ်ဆို့ဆောက်လုပ် ခဲ့သော အောင်သစ္စာ ဆန်စက် ကြောင့်မိုးတွင်းအခါတွင် ကားဝင်ရန်ခက် ခဲ့ခြင်း နွေရာသီအခါတွင် ကျေးရွာပေါင်း(15)ရွာမှတောင်သူလယ်သမား ဦးကြီးများ ထင်းဝါးခုတ်ရာတွင် လမ်းမှာပိတ်ဆို့မှုများစွာရှိခဲ့ပါသည်။သို့ဖြစ်ပါ၍ (1951) ခုနှစ်က တည်ဆောက်ထားခဲ့သော လွပ်လပ်ရေးကျောက် တိုင် မြေနေရာ အမြန်ပြန်လည်ရရှိနှိင်ရေး နှင့် ညောင်ပင်သာရွာအရှေ့ ဘက် ကျေး ရွာပေါင်း (15)ရွာ နှင့် ဆက်သွယ်ဖေါက်လုပ်ထားသော ရွာအ၀င်လမ်း အား မူလအ တိုင်း ပြန်လည် ရရှိနှိုင်ရန်အတွက်ညောင်ပင်သာရွာမှ ပြည်သူများ ၏ ဆန္ဒအတိုင်း တင်ပြအပ်ပါသည်။


Hot News Weekly

No comments: