Monday, October 22, 2012

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်း စည်းကမ်း တင်းကျပ်ရန်လို


Monday, 22 October 2012
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးမဖမ်း ရရာ သီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလ တာကုန် ဆုံးအပြီးကမ်းဝေးငါးဖမ်း ရေယာဉ်များသည် ကမ်းနီး တွင် ဖမ်းဆီး ခြင်းများ ပြုလုပ်ခြင်းကြောင့် ကမ်းနီး ငါးဖမ်း ရေလုပ်သားများအခက်အခဲနှင့် ရင်ဆိုင်နေ ရသောကြောင့် စည်းကမ်းပိုမို တင်းကျပ်ပေးပါရန် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက မြန်မာနိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသော မြန်မာနိုင်ငံ ရေလုပ်သား ငယ်များဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များသည် တစ်ဦးချင်း ၀င်ငွေနည်းပါးခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျမှုများ ကြုံတွေ့လာရကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက် တာ ညွန့်ဝေက ရေချို၊ ရေငန်ငါးဥပေ ဒများ ပြဋ္ဌာန်းထားခြင်းသည် စည်းကမ်း ဖောက်ဖျက်သူများကို ဖော်ထုတ် အရေး ယူရန်ဖြစ်ကြောင်း ငါးမဖမ်းရရာသီသတ်မှတ်ခြင်းခံရသည့်တစ်ခုတည်းသော ဒေသဖြစ်သောတနင်္သာရီဒေသကြီးအတွင်း ငါးဖမ်းကွက် ၅၂ ကွက်ရှိရာ အကွက် ၃၀ မှာ ငါးမဖမ်းရရာသီ သတ်မှတ်ချက်တွင် ပါဝင်ခဲ့ခြင်းကြောင့်ရေ လုပ်သား ငယ်များ ငါးမဖမ်းရကာလအတွင်း အဆင်ပြေစေရန်အတွက် မြင်းကောင်ရေ ၂၅ ကောင် အောက်၊ လှေအရှည်ပေ ၃၀ အောက် စက်ဖြင့် မိရိုးဖလာငါးဖမ်းလှေများကို ငါးရက်မှ ခုနစ်ရက်ကြား ငါးဖမ်းခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်းကမ်းနီးတွင် ထိုသို့ကမ်းဝေးရေယာဉ်များ ၀င်ရောက်ဖမ်းဆီးခြင်းဖြင့် ရေလုပ် သားငယ်တို့၏ငါးဖမ်းကိရိယာများ ပျက်စီးစေသည့်အပြင် ကမ်းနီး ပင်လယ် ပြင်ကြမ်းပြင်ကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အမှုဆောင်ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြီးခဲ့သည့် ငါးမဖမ်းရရာသီသုံးလ ကို တနင်္သာရီတိုင်းတွင် သတ်မှတ်ခဲ့သော်လည်း အခြား ပြည်နယ်များတွင် ၀င်ရောက်ဖမ်းဆီးနေ သောကြောင့် တစ်စိတ်တစ်ဒေသသာ အောင်မြင်မှု ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းများမှာ   မပြုလုပ်သင့်တော့ကြောင်းတန င်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်း ရေလုပ်သား ၄၂,၄၄၆ ဦး နှင့် ကမ်းဝေးငါးဖမ်းရေယာဉ် ၁,၁၁၉ စင်းရှိ ပြီး ကမ်းနီးရေလုပ်သား ၁၇,၄၄၀ နှင့် ကမ်းနီးရေယာဉ် ၁၁,၆၁၈စင်းရှိကြောင်း မြန်မာနိုင်ငံ ရှိ ရေလုပ်ငန်းထွက်ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိခြင်း ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၁ သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

No comments: