ယခုလ ၁၅ ရက်မှ စတင်ကျင်းပသည့် ချင်းပြည်နယ် မတူပီမြို့နယ်
အုပ်ချုပ်ရေးမှူးဒိုင်း ဘော်လုံးပွဲ ကို ဒေသခံ ပြည်သူ တွေ ထံမှ
ငွေကောက်ပြီး ကျင်းပကြောင်းသိရသည်။
ဘော်လုံးပွဲတွင် စန်ဘောင်၊ ခိုဘွေ၊ လောင်ဗန်း၊ လေမြို၊ ပညာရေး၊
ဌာနပေါင်းစုံ၊ ဖနိုင်၊ ငလိုင် အသင်း စုစုပေါင်း ၈ သင်းမှ ဘော်လုံးသမား ၁၈
ဦး စီ ပါဝင်စေပြီး ယှဉ်ပြိုင်ကစားနေကြသည်။
“ ဘော်လုံးသမားတွေစားစရိတ်အတွက် လိုအပ်တဲ့ ကျပ်ငွေ ၆ သောင်းနဲ့ ၀တ်စုံ
အတွက် လိုအပ်တဲ့ ကျပ်ငွေ ၈ သောင်း အတွက် ဆိုပြီး အသင်းဝင်ကြေး ကို တသင်း
ကျပ်ငွေ နှစ်သောင်း စီ ကောက်ခံ တာပါ ” ဟု ဒေသခံတဦးက ပြောသည်။
ပွဲဖြစ်မြောက်ရေးအတွက် ကော်မီတီဝင်များအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးရိဆွန်းခိုင်၊ ကြံ့ဖွံ့ပါတီမှ ဥိး ပိုင်တွမ်း၊
မြို့နယ်အားကစားမှူးများဖြင့်ဖွဲ့စည်းပြီး ပွဲလုံခြုံရေးအတွက် မီးသတ်ဌာနမှ
ဦးစီးပြီး တရပ်ကွက် လျှင် အရံမီးသတ် တပ် ဖွဲ့ဝင် နှစ်ဦးစီစေလွှတ်ပြီး
တာဝန်ယူကြသည်ဟု သိရသည်။
အစိုးရထောက်ပံ့ခြင်းမရှိပဲ ယခုကဲ့သို့ ပြည်သူထံငွေကောက်ပြီး
ဘော်လုံးပွဲကျင်းပခြင်းအပေါ် ဒေသခံပြည် သူများ မကျေ နပ်ကြကြောင်းပြောကြသည်။
“ ကျတော်တို့ငလား ရပ်ကွက်အသင်းကတော့ ၀င်ငွေမထည့်နိုင်လို့ မပါဝင်တော့ဘူးဗျ” ဟု ရပ်ကွက်သား တဦးက ပြော သည်။
ဘော်လုံးပွဲကို ယခု ၁၅ ရက်နေ့မှ စတင်ကျင်းပပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖိုင်နယ်ပွဲကို ကစားကြ မည်ဖြစ် သည်ဟု သိရသည်။
No comments:
Post a Comment