Tuesday, October 23, 2012

တာချီလိတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံး နှစ်ရာကျော် ဖမ်းမိ

Tuesday, October 23, 2012
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း ကျပ်ငွေ သန်းပေါင်း သုံးထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး (၂၄၇)တုံးအားအောက်တို ဘာလ ၂၀ ရက်နေ့ ညနေပ
ိုင်းတွင် အာဏာပိုင်များ က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။တာချီလိတ်မြို့မှ မိုင်းဆတ်မြို့သို့အထွက်လွယ်တော် ခမ်း ကျေးရွာ အုပ်စု ဖက်ဟိ အထက်ရွာအနီးတွင် ဖဖ်းမိ ခဲ့ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။ဖမ်းဆီး ရမိသည့် ဘိန်းဖြူ ဘလောက်တုံး (၂၄၇)တုံးမှာ အလေးချိန်ဟာ၈၂ ဒသမ ၃၃၃ ဂရမ်ရှိပြီး ဘလောက်တုံးတစ်တုံးလျှင် ကာလပေါက်ဈေး ကျပ်ငွေ သိန်း (၁၅၀) တန်ဖိုးရှိကြောင်းကိုလည်း ဒေသခံများထံက သိရသည်။“ကားပေါ်မှာ မိတာက ၂၄၇ တုံး မိတယ်၊ ဘလောက်တုံးတွေကို သွားပို့တဲ့အချိန်မှာ လက်မလွဲခင် မိသွားတာ၊ သူတို့ကလည်း ဘယ်လိုမှ ပြောလို့ မရသေးဘူး ကားပိုင်ရှင်လည်း မသိရသေးဘူး ဆိုတော့ ဒီပစ္စည်းက ဘယ်သူယူလာတယ် ဘယ်သူ့ပစ္စည်းဆိုတာ အခု ဘလောက်တုံးပဲ၊တွေ့သေးတာဆိုတော့ သူတို့က ထုတ်မပြောသေးဘူး။”ဟု အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။အထက်ပါကိစ္စနှင့်ပတ်သက်၍ တာချီလိတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် မူးယစ်ဆေးဝါး ဖဖ်းဆီးရမိခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့ သည်။မူးယစ်ဆေးသယ်ဆောင်လာသောယာဉ်မှာ နံပါတ် ၄ဂ/၅၃၁၃ Tiger ဖြစ်ပြီး မူးယစ်ဆေး သယ်ဆောင်လာ သူနှင့် ဦးဆောင်သူပိုင်းကိုတော့ သိရှိနိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်းကိုလည်း သိရသည်။

Myit Makha Mediagroup

No comments: