Saturday, October 20, 2012

မင်းဓမ္မပန်းကွင်းဆိုင်ခန်းများ မပြောင်းရွှေ့နိုင်ဟု ပိုင်ရှင်များဆို

Saturday, October 20, 2012
မင်းဓမ္မပန်းကွင်းရှိ ဆိုင်ခန်းများအား သာကေတယ မုံနာလမ်းသို့ ပြောင်းရွှေ့ ဖွင့်ရန် ဆိုင်ခန်းရှင်များ အား ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန မှရွှေ့ပြောင်းရန် လက်မှတ်ထိုးခိုင်းရာ မည်သည့် ဆိုင်ခန်းပိုင် ရှင်များက လက်မှတ်ရေးထိုးခြင်း မရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် အောက်တို ဘာ(၁၉)ရက်နေ့မှ စတင်ကာမင်းဓမ္မ ပန်းကွင်းရှိ ဆိုင်ခန်းမျာအား ပန်းဥယျာဉ်နှင့်အား ကစားကွင်း များဌာ နမှယနေ့၌ပင်အပြီ ပြောင်းရွှေ့
ခိုင်းနေခြင်းဖြစ်သည်။ “ ဒုဌာနမှူးကပြောတယ်။ ဆိုင်ခန်း တွေရဲ့စနစ်တကျ ဒီဇိုင်းဆွဲထားတွေ တွေကိုပြတယ်။ ရွှေ့ပြောင်းဖို့ အတွက်ကို အုပ်စုနှစ်ခုခွဲခိုင်းတယ်။ရွှေ့ပြောင်းဖို့ လက်ခံတဲ့၊ အုပ်စုရယ်လက်မခံတဲ့ အုပ်စုရယ်ခွဲပြီး အုပ်စုနှစ်စုလုံးကို လက်မှတ်ထိုးခိုင်းတယ်။ အခုအစည်းအဝေး တက်တဲ့သူတွေက ဘယ်ဘက်ကိုမှ လက်မှတ်မထိုးပဲ ထွက်လာခဲ့ပါတယ်။” ဟု Nwel Waddy မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နီဝါလွင်က ပြောသည်။
၎င်းတို့ လက်မှတ်ရေးမထိုပဲ ထွက်လာရခြင်းသည် နေရာဒေသ၏ သတင်းအချက်အလက် အမှန် အကန် အတိအကျမပေးခြင်း၊ မည်သူမှ အာမခံပေးခြင်းမရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟု တက်ရောက်လာသူ ဆိုင်ခန်းရှင်များက ပြောသည်။
သဘောက ဓာတ်အားလိုင်းကြီးရှိတဲ့နေရာမှာ ကျွန်မတို့ဆိုင်ခန်းတွေ ထားတယ်။ သဘာဝအရ သော်လည်း ကောင်း၊ မတော်တဆတစ် ခုခုကြောင့်သော်လည်းကောင်း ကျွန်မတို့အပေါ် အသက်အန္တရယ် ထိခိုက်ခဲ့မယ်ဆိုရင် ဘယ်သူက တာဝန်ယူမှာလဲ။ ဘယ်သူက အာမခံချက်ပေးမှာလဲ ပြီးတော့ ကျွန်မတို့ပန်းတွေကို ဇီဝမျိုးစုံစိုက်ပျိုး ထားတာပါ။ ဒါနဲ့ပတ်သက်ပြီး ရေ၊ မြေ၊ သဘာဝအချက် အလက်မရရှိပါဘူး။ ဒီလိုပြည့်စုံလုံလောက်တဲ့အချက်တွေ မရှိပဲ ကျွန်မတို့က ဒီနေရာကို လက်ခံနိုင်တဲ့ အနေအထားမရှိတဲ့အတွက် လက်မှတ်မထိုးပဲ ထွက်လာရခြင်းဖြစ်ပါတယ်။”ဟု ဒေါ်နီဝါလွင်က ဆက် ပြောသည်။မင်းဓမ္မပန်းကွင်းသည် ယခင်က သင်္ချိုင်းမြေဖြစ်၍ ပြန်လည်ပြုပြင်ကာ ၂၀၀၁ ခုနှစ်တွင် စတင်ပေါ် ပေါက်လာပြီး မြို့တော်ဝန်ဖလား သစ်သီးဝလံပန်းမန်ပြပွဲ ကို နှစ်စဉ်ကျင်းပလျှက်ရှိသည်။ မင်းဓမ္မ ပန်းကွင်းရှိ ဆိုင်ခန်းများအား သာကေတမြို့နယ်ရှိ ယမုံနာလမ်းသို့ အောက်တိုဘာ(၁၉)ရက်မှ စတင်ကာ နိုင်ဝင်ဘာလ လကုန်အထိ ရက်သတ်မှတ်ပေးထားကာ ပြောင်းရွှေ့ခိုင်းထားသည်။
မင်းဓမ္မပန်းကွင်းသည် ဧက (၈) ဧက ပေါ်တွင်ဆိုင်ခန်း ပေါင်း (၄၉၆)ခန်းရှိပြီး ဆိုင်ရှင်ပေါင်း (၁၀၀) ကျော်ရှိကာ ၀န်ထမ်းပေါင်း (၃၀၀၀) ကျော်ရှိသည်။

No comments: