Wednesday, October 17, 2012

ယာဉ်ထိန်းရဲများ၏ စီမံချက်အကြောင်းပြ မှတ်သားဖမ်းဆီးနေမှုများကြောင့် ယာဉ်ပိုင်ရှင်များအခက်အခဲဖြစ်လျက်ရှိ

Wednesday, October 17, 2012
ရန်ကုန်မြို့တွင် ပြေးဆွဲ လျက် ရှိနေသော ယာဉ်လိုင်း အသီးသီးမှ လိုင်းကားများ အား ယာဉ်ထိန်းရဲများ က စီမံချက် ဟု အကြောင်းပြ ချက်ပေး ၍ မီးပွိုင့်နော က် ကွယ်မှယာဉ် များ အား မှတ်သား ဖမ်းဆီးမှု ၊ ဒဏ်ငွေ ရိုက်မှုများပြုလုပ်လျက်ရှိ နေသည့်အတွက်ယာဉ်ပိုင် ရှင်များအနေဖြင့် အခက် အခဲဖြစ်လျက် ရှိနေ သည်။ ယင်းအခက်အခဲများနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အောက်တိုဘာ(၁၀) ရက်ရက်စွဲ ဖြင်တင်ပြခဲ့ကြောင်းသိရှိရသည်။“ကျွန်တော်တို့မော်တော်ယာဉ်တွေ နေ့စဉ်ပြေးဆွဲတဲ့အခါမထသ ကရော၊ယာဉ်ထိန်းတွေကရောလှည့်ကင်းနဲ့သဘောနဲ့ စောင့်ကင်းသဘောနဲ့တစ်သွယ်နေ့စဉ်ကြပ်မတ်ဆောင်
ရွက်ပြီ။စည်းကမ်းထိန်းသိမ်းတာတို့အရေးယူတာတို့လုပ်ပါတယ်။အဲသလိုလုပ်တာကိုကျွန်တော်တို့ယာဉ်ပိုင်ရှင်
တွေ အနေနဲ့ ကျေနပ်ပါတယ်။ အဲသလိုကျတော့ကိုယ်ဘာမှားလည်းကိုယ်သိရတယ်။ဒီတော့ပြင်လို့ရတာပေါ့။ ခုဟာကယာဉ်ထိန်း တွေကပွိုင့်တွေ မှာ ယာဉ် အန္တရာယ် ကင်းအောင်ဆောင် ရွက်ရ မယ့် အစား မှတ်တိုင်မီး
ပွိုင့်နောက်ကွယ်မှာနေပြီး မှတ်သားဖမ်းဆီးတာတွေလုပ်နေတယ်။ဒီတော့ကိုယ်ဘာမှားမှန်းကိုမသိလိုက်ဘူး။ အဲဒါယာဉ်ထိန်းရုံးမှာလစဉ်ရဲ့မှုစစ်ဆေးတော့မှတသီကြီးပေါ်လာတယ်။အဲသလိုမှတ်သားဖမ်းဆီးအရေးယူတဲ့အ
ခါမှာလည်း မှတ်တိုင်မရောက်၊ ဘေးတံခါးဖွင့်တာတို့၊ ဘာတို့ဆိုရင် ဒဏ်ကြေး (၁၅၀၀)ပဲရှိပြီး။စီမံချက်ဆိုတာ တပ်ပြီးဖမ်းရင်တော့ (၂၁၅၀၀/၁၁၅၀၀)ဖြစ်သွားရောဗျာ။ယာဉ်ပိုင်ရှင်တွေခမျာလစဉ်ရဲမှုဆောင်ရွက်တဲ့အခါ သိန်းချီပြီးဒဏ်ငွေ ဆောင်နေရတယ်။လိုင်းကားတွေအနေနဲ့ရုံးတက်/ဆင်းချိန်၊ ကျောင်းတက်/ဆင်းချိန်တွေမှာ ယာဉ်ကြောကျပ်တာတွေဖြစ်တော့ခရီးသည်ဦးရေများမှုအပေါ်မူတည်ပြီးရပ်စီးခရီးသည်တင်တဲ့အခါကြတော့လည်း ယာဉ်ထိန်းတွေက ဖမ်းတဲ့အပြင် လမ်းတစ်လျှောက် က ပွိုင့်တွေမှာလည်းရပ်စီးတင်(စီမံ)နဲ့ဖမ်းနေတဲ့အတွက် အများကြီးနစ်နာရပါတယ်”ဟုယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။ထိုသို့သောနစ်နာမှုများအပြင်ယာဉ်
ပိုင်ရှင်များအနေဖြင့် လစဉ်ရဲမှုစစ်ဆေးရာ၌ ယာဉ်သက် သေခံကတ်(၀ှီးတက်)၊ယာဉ်မှတ်ပုံတင်စာအုပ်အပ်၍ အမှုထုတ်ယူရပြီးအမှုရှိ၍ဒဏ်ကြေးငွေဆောင်ရာတွင်လည်းရုံးရှိယာဉ်ထိန်းရဲများမှအမြန်ဟူ၍အကြောင်းပြချက်ဖြင့်
 ငွေများတောင်းခံကာကိုယ်ကျိုးရှာလျက်ရှိနေသည်။တရားရုံးမှလည်းကိုယ်တိုင်ကိုယ်ကျလိုက်လံဆောင်ရွက်သော
သူများအားယာဉ်ပိုင်ဆိုင်မှုစာချုပ်၊မှတ်ပုံတင်၊သန်းခေါင်စာရင်းများတောင်း၍ခက်ခဲကြန့်ကြာမှုများဖြစ်အောင် လုပ်လျက်ရှိကြောင်း သိရှိရသည်။

No comments: