Saturday, October 20, 2012

ကမ္ဘာတစ်ဝန်း အင်တာနက်သုံးနိုင်သော စမတ်ဖုန်းကိုင်ဆောင်သူ သန်းတစ်ထောင်ကျော်ရှိလာ

Saturday, October 20, 2012
ကွန်ပျူတာတစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်၍ အင်တာ နက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူ က ကမ္ဘာတစ် ၀န်းတွင် သန်း တစ်ထောင်ကျော်ရှိ လာပြီဖြစ်ကြောင်း သိရသည် ။အင် တာနက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူအရေအတွက်သည် ၂၀၁၂ တတိယ သုံးလပတ်တွင် သန်းတစ်ထောင် မှတ်ကို ကျော်လွန် သွားပြီဖြစ်ကြောင်း အမေရိကန်ရှိ သုတေသနနှင့် အကြံပေးအတိုင်ပင်ခံအဖွဲ့ကြီး Strategy Analytics ၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာပေါ်တွင် ခုနစ်ယောက်တွင် တစ်ယောက်သည် အင်တာနက် ပါ သုံးစွဲနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်နေ ကြပြီဖြစ်သည်။အင်တာနက်ပါ သုံးစွဲနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ကို နိုကီယာကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် Nokia Communicator အမည်ဖြင့် ထုတ်လုပ်ခဲ့သော်လည်း မတွင်ကျယ်ခဲ့ဘဲ ၂၀၀၇ ခုနှစ်တွင် အက်ပဲလ်၏ အိုင်ဖုန်း ထွက်လာပြီးနောက်တွင်မှ အလုပ်မျိုးစုံလုပ်နိုင်၍ အင်တာနက်ပါ အသုံးပြုနိုင်သည့် စမတ်ဖုန်းများ အလွန်အမင်း တွင်ကျယ်လာခြင်း ဖြစ်သည်။၂၀၁၁ တတိယ သုံးလပတ်တွင် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းသုံးသူဦးရေသည် ၇၀၈ သန်းထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၀ယ်လိုအားများ အလွန်အမင်း ထိုးတက်လာ မှုကြောင့် ၂၀၁၂ တတိယသုံး လပတ်တွင် ၁၀၃၈ သန်း ထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သုံးစွဲသူ အရေအတွက်သည် လာမည့် သုံးနှစ်အတွင်းမှာပင် သန်းနှစ်ထောင် မှတ်ကို ကျော်လွန်မည်ဖြစ်ကြောင်းလည်း Strategy Analytics က ဖော်ပြထားသည်။


No comments: