Wednesday, October 31, 2012
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ် ကုန်း ကျေးရွာတွင် Orchid Adventure Shore Resort ဖွင့်ပွဲကို အောက်တိုဘာ ၃ဝ နံနက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ဟိုတယ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိ သူများတက်ရောက် ခဲ့ကြသည်။ အစိုးရပိုင် လက်ခုပ် ကုန်းဟိုတယ်ကိုNational Travel & Tours Co.,Ltd မှ လေလံဆွဲကာ လုပ်ပိုင် ခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။လေလံရရှိပြီး တစ်လအကြာ ဖွင့်လှစ်နိုင်ရန် ကြိုးစားခဲ့ကြောင်း နိုဝင်ဘာလ အတွင်း အခန်း ၁၈ ခန်းဖွင့်နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
လက်ခုပ်ကုန်း ကမ်းခြေနှင့် မျက်နှာချင်းဆိုင်တွင် မြစိမ်းတောင်ကျွန်းလည်း
ရှိသောကြောင့် ခွင့်ပြုချက်ရပါက အဆိုပါကျွန်းတွင် နားနေဆောင်များဆောက်လုပ်သွားမည်ဖြစ်ပြီး ကျွန်းနှင့်ကမ်းခြေကိုလည်း ကြိုးတံတား တစ်ခု ပြု လုပ်ဆက်သွယ်ရန် ရည်ရွယ်ထားကြောင်း ၄င်းက ပြောသည်။ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ် ကုန်း ကျေးရွာတွင် Orchid Adventure Shore Resort ဖွင့်ပွဲကို အောက်တိုဘာ ၃ဝ နံနက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ဟိုတယ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိ သူများတက်ရောက် ခဲ့ကြသည်။ အစိုးရပိုင် လက်ခုပ် ကုန်းဟိုတယ်ကိုNational Travel & Tours Co.,Ltd မှ လေလံဆွဲကာ လုပ်ပိုင် ခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။လေလံရရှိပြီး တစ်လအကြာ ဖွင့်လှစ်နိုင်ရန် ကြိုးစားခဲ့ကြောင်း နိုဝင်ဘာလ အတွင်း အခန်း ၁၈ ခန်းဖွင့်နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
''ခွင့်ပြုချက်ရရင် ကြိုးတံတားကို တစ်လခွဲနဲ့ အပြီးဆောက်မှာပါ။
ကျွန်းဘေးမှာ တောလည်းရှိတာကြောင့် ငှက်ကြည့်ဖို့ စီစဉ်လို့ရတယ်။
ငါးမျှားလို့လည်း ရတဲ့အတွက် သဘာဝအခြေခံခရီးသွား လုပ်ငန်းကို အကောင်အထည်
ဖော်သွားမှာပါ''ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် အခန်းခနှုန်းထားများကို အနည်းဆုံး မြန်မာငွေ ကျပ် နှစ်သောင်းခွဲမှစ၍ သတ်မှတ် မည်ဖြစ်ပြီး ပြည်ပဧည့်များအတွက် အမေရိကန်ဒေါ်လာ ၅ဝ မှ အမြင့်ဆုံး ၁၂ဝ အထိ သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရသည်။
လက်ခုပ်ကုန်း ကမ်းခြေသည် ယခင်က ခရီးသွားများ လာရောက် အပန်းဖြေရာ ဒေသတစ် ခု ဖြစ်ခဲ့ သော်လည်း နာဂစ်မုန်တိုင်းအပြီးတွင် ကမ်းခြေသို့ ဧည့်သည်များ လာ ရောက်မှုမရှိတော့ဘဲ ယခုနှစ်မှ သာ ပုဂ္ဂလိ ကလုပ်ငန်းရှင်များကို လေလံစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ် သည်။ ရန်ကုန်မှ လက်ခုပ်ကုန်းသို့ ကုန်းလမ်းခရီးဖြင့် လည်းကောင်း၊ ရေလမ်း ခရီးဖြင့်လည်းကောင်း သွားလာနိုင်ပြီး ရန်ကုန်မှ ကုန်းလမ်းခရီးဖြင့် ၃၄ မိုင်ကွာဝေးကြောင်း သိရသည်။
Popular Myanmar News Journal

No comments:
Post a Comment