Monday, October 22, 2012 အမေရိကန် ပြည်ထောင်စုရဲ့ အနာက် ပင် ဆဲလ်ဗေး နီယားပြည်နယ်၊ New Sewickley မြို့က ဟော်လိုဝင်း ပါတီပွဲ ကျင်းပတဲ့ နေရာတခုမှာ ၀မ်းနည်းဖွယ် အဖြစ်တခု ဖြစ်သွားခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ ဆွေမျိုး တော်စပ်သူ အမျိုးသား တဦးက အဆိုပါ မိန်းကလေးကို တော တိရိစ္ဆာန်ထင်မှတ်ပြီး လွန်ခဲ့တဲ့ စနေနေ့ည က သေ နတ် နဲ့ ရုပ်တရက် ပစ်ခတ်ခဲ့ပါတယ်လို့အောက်တိုဘာလ ၂၁ ရက်နေ့ သတင်းတွေမှာ ဆိုပါတယ်။ မြောက် အမေရိကတိုက်မှာ လည်း တောတောင်ထဲမှာ ရန်သူနဲ့ တွေ့ရင် အနံ့ဆိုးတမျိုး သူ့သဘာဝထွက်ပေါ်လေ့ရှိတဲ့ တိရိစ္ဆာန်မျိုးကရှိတော့ ကလေးမလေးကို အဲဒီလို ထင်မှတ်မှားခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ် တဲ့နေရာကလည်း ဟောလိုးဝင်းပါတီ(တစ္ဆေလို၊ စုန်းတွေလို ကလေးတွေ ၀တ်ဆင်ကာ ပျော်ပါးကြတဲ့ ပါတီပွဲ) ကျင်းပတဲ့ နေရလည်းဖြစ်ပြီး အဆိုပါ ကလေးမလေးကလည်း ဟော်လိုးဝင်း ၀တ်စုံအမည်း၊ ပန်းပွားအဖြူလေးနဲ့ ဦးထုပ် အမည်း ၀တ်ဆင်ထားခဲ့တာလို့ AP သတင်းတပုဒ်က ဖော်ပြထားပါ တယ်။ရဲက ပြောတာကတော့ မိန်းကလေးဟာ သူ့ ဆွေမျိုး အမျိုးသမီးက Skunk ဆိုတဲ့ တောတိရိစ္ဆာန် ထင်ပြီး သေနတ်နဲ့ ပစ် လိုက်တာ ကလေးမ ပုခုံးမှာ ထိမှန်ခဲ့တာလို့ဆိုပါတယ်။အခင်းဖြစ်တဲ့ နေရာနဲ့ မိုင် ၃၀ လောက်ဝေးတဲ့ Pittsburgh ဆေးရုံကို ကလေးမလေးကို အရေးပေါ် ခွဲစိပ်ဖို့ သယ်သွားစဉ်မှာ သူက သတိလည်းကောင်းနေသေးပြီး စကားတွေလည်း ပြောနေခဲ့ပါ သေးတယ်။ ဒါပေမယ့် သူ့အခြေအနေကို သူကိုယ်တိုင် မသိခဲ့ပါဘူး။ တာဝန်ရှိသူတွေပြောတာကတော့ အခုလို ဖြစ် သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးမှု မလုပ်သေးပါဘူးတဲ့။အခုထိအမှုဟာ စုံစမ်းစစ်ဆေးဆဲပဲရှိပါသေးတယ်လို့ ဆိုပါတယ်။ ရဲအရာရှိ Leindecke က ပြောတာက အဆိုပါ အမျိုးသားဟာ အရက်သေစာသောက်စားထားမှုလည်း မရှိခဲ့ဘူးလို့ဆိုပြီး ဘယ်လိုအမှု ဖွင့်ရမယ်ဆိုတာလည်း မသိသေးဘူးလို့ ဆိုပါတယ်။ သူတို့ နိုင်ငံဥပဒေက ဒီလို လေးစားစရာ ကောင်းပါတယ်။
No comments:
Post a Comment