Tuesday, October 23, 2012

ရင်ကွဲနာဇာတ်ကားနဲ့ အကယ်ဒမီကိုရင်ခုန်နေသူ ချစ်စနိုးဦး

TUESDAY, OCTOBER 23, 2012
အခုလတ်တလောမှာတော့ ချစ်စနိုးဦးက သူ့ရဲ့ တစ်ကိုယ်တော်အခွေကို စီစဉ်နေရင်းနဲ့ နယ်တွေမှာလည်း ရှိုးတွေဆိုဖြစ်နေပါတယ်။ ၂ဝ၁၁ ခုနှစ် အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလမှာကျင်းပမှာဖြစ် သ လိုအကယ် ဒမီစာရင်း ဝင်ဇာတ်ကားတွေ ထဲ မှာချစ်စနိုးဦး ပါဝင်သ ရုပ်ေ ဆာင် ထားတဲ့ `ရင်ကွဲနာ´ဇာတ်ကားလည်း ပါဝင်နေတာကြောင့် ဒီနှစ်အ ကယ်ဒမီအတွက် ချစ်စနိုးဦးက ရင်ခုန်နေပါတယ်။ "အကယ်ဒမီဆုဆိုတာ က အနုပညာရှင်တိုင်း အလိုချင်ဆုံးဆုတစ်ခုပါပဲ။ သဲသဲ အနေနဲ့ကလည်း ကိုယ်တိုင်က အနုပညာရှင်ဆိုတော့ လိုတော့လိုချင်တာပေါ့။ ဒါပေမဲ့ တ အားကြီးတော့ မျှော်လင့်မထားပါဘူး။အကယ်ဒမီပေးပွဲက နီးလာပေမယ့် နည်းနည်းလိုသေးတဲ့အတွက် ရင်ခုန်နှုန်းက ငြိမ်နေပါသေးတယ်။`ရင် ကွဲ နာ´ ရုပ်ရှင်ဇာတ် ကား ရိုက်တုန်း ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားပြီး သရုပ်ဆောင်ထားတယ်။ ကိုယ်တစ်ယောက်တည်း ကြိုးစားလို့လည်း မပြီးပါ ဘူး။ အကုန်လုံးကလည်း ကြိုးစားကြတယ်။ ကိုယ်တိုင်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ အရင်နှစ်တွေထက်စာရင် ဒီနှစ်က ကိုယ်သရုပ်ဆောင်ထားတဲ့ ကားလေးလည်း ပါနေတော့ ဒီနှစ်မှာတော့ အကယ်ဒမီကို မျှော်လင့်ရပြီး ရင်ခုန်ရမယ်" လို့ပြောပါတယ်။ချစ်စနိုးဦးက အကယ်ဒမီပွဲကို ရန်ကုန် မှာပဲဖြစ်စေချင်ကြောင်း၊ နေပြည်တော်မှာလည်း ပျော်ဖို့ကောင်းပါကြောင်း၊ အနုပညာမောင်နှမတွေ တစ်စု တစ်စည်းတည်း အတူသွားရပြီး အတူတူတည်းကြ၊ ပွဲတက်ကြ၊ ပြန်ကြတဲ့အတွက် ခရီးတစ်ခု သွားရသ လိုတော့ ဖြစ်ကြောင်း၊ ရန်ကုန်မှာတော့ကိုယ့်အိမ် မှာပဲနေပြီး အေးအေးဆေးဆေးပြင်ဆင်ပြီးတော့သွား လို့ရကြောင်း၊တစ်နေရာနဲ့တစ်နေရာကတော့မတူဘဲ သူ့ဟာနဲ့သူတော့ ပျော်စရာကောင်းနေတာပဲလို့ ချစ် စနိုးဦး ကပြောပါတယ်။ချစ်စနိုးဦးက ဒီနှစ်အကယ်ဒမီဝတ်စုံကို မနှစ်ကစီစဉ်ပေးတဲ့ မန္တလေးက အဉ္ဇလီဇော်ထက်ကပဲ စီစဉ်ပေးမယ်လို့ပြောပြီး အရောင်ကိုတော့ ပန်းနုရောင်လေးဝတ်ဖြစ် ဖို့တော့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။

Popular


No comments: