ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် ရေဒီယို
သတ္တိကြွမှု ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် အတွက် ဘရန့်မြောက် ပင်လယ်နှင့် ကာရာ
ပင်လယ်တို့တွင် နစ်မြုပ် နေသော နျူကလီးယား ရေငုပ် သင်္ဘော ၂စီးအား ဆယ်ယူ၍ ဖျက်သိမ်းခြင်း ပြုလုပ် မည် ဖြစ်ကြောင်း Izvestia သတင်းစာက အောက်တ
ို
ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။ ရုရှား ရေ တပ် အနေဖြင့် နက်ရှိုင်းသော
ပင်လယ်ပြင်တွင် ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပစ္စည်း ကိရိ ယာများ
မရှိသော ကြောင့် အဆိုပါ နစ်မြုပ် နေသော ရေငုပ် သင်္ဘော များအား ဆယ်ယူရန်
ပြင်သစ်၊ နယ်သာလန်၊ တောင်ကို ရီးယားနှင့် အမေရိကန် နိုင်ငံတို့မှ ကုမ္ပဏီ
များအား တင်ဒါ ခေါ်ယူရန် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာမည် ဖြစ်ပါသည်။
B-159 (K-159) နိုဝင်ဘာ အတန်းအစား နျူကလီးယား ရေငုပ် သင်္ဘောသည် ဘရန့် မြောက်
ပင်လယ်တွင် ၂ဝဝ၃ခုနှစ် သြဂုတ်လ အတွင်း ရေအနက် ပေ၇၉ဝ တွင် နစ်မြုပ်ခဲ့
ခြင်းဖြစ်ပြီး အသုံးပြုပြီး နျူကလီးယားလောင်စာ ၁,၇၆ဝ ပေါင် (၈ဝဝ ကီလိုဂရမ်)
အား ဖယ်ရှားပြီးဖြစ်ပါသည်။ K-27 ရေငုပ်သင်္ဘောအား ၁၉၆၂
ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ၎င်းရေငုပ် သင်္ဘော၏ နျူကလီးယား ဓာတ် ပေါင်း ဖိုများ
ချို့ယွင်းမှုကြောင့် ၁၉၇၉ ခုနှစ်တွင် အသုံး ပြုခြင်းမှ ရပ်ဆိုင်း ခဲ့ပြီး
၁၉၈၂ ခုနှစ်တွင် အရှေ့ကာရာ ပင်လယ်၌ ဝမ်းပေါက်၍ နစ်မြုပ် ခဲ့ခြင်း
ဖြစ်ပါသည်။
No comments:
Post a Comment