Friday, October 19, 2012 KIO နှင့်မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးကိစ္စ များဆောင်ရွက်နိုင်ရန် အတွက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာမြို့သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။ ”ဘယ်ေ န့ လုပ် မယ်ဆိုတဲ့ ရက်ကတော့ မရသေးဘူး၊ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက် သွားတာ ဦးလာမိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ်မလဲဆိုတဲ့ဟာရယ် ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက်အသွယ် ရတာက အခုတစ်လော ဆက်သွယ်ရတာ အဆင်မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေးရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ အစည်းအဝေးထိုင်းနေ တယ်လို့တော့ သိရတယ်။”ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးကပြောသည်။ အခုတစ်ခေါက်တွေ့ဆုံမှုမှာ နှစ်ဖက်စစ်ခေါင်းဆောင်များ ပါဝင်နိုင်မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးအ တွက် အဖြေ တစ်ခုခုထွက်ပေါ်လာနိုင်မည်ဟုမျှော်လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင် ထံက သိရှိရသည်။“ကေအိုင်အို ဖက်ကလည်း ကေအိုင်အိုရဲ့ နယ်မြေထဲမှာ လာစေချင်ပြီးမှ အစိုးရဖက်ကလည်း မလာဘူးဆိုတော့။ အစိုးရ ထိန်းချူပ်တဲ့နေရာထဲမှာလည်း ကေအိုင်အေက လောလော ဆယ် မူတစ်ခုမချနိုင်ခင်က မသွားသေးဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ မူတစ်ခုချနိုင်တဲ့အထိက အဲ့ဒီ နယ်စပ်မြို့တွေမှာ လုပ်ပြီးမှပဲ သူက မူတစ်ခုချပြီးမှ မြို့ထဲမှာ ဒီ မြစ်ကြီးနားလို ဟာမျိုးတွေ ရောက်လာမှာပေါ့။ အရင်က ဆွေးနွေးတဲ့အချိန်မှာ စစ်ရေးပိုင်းက ခေါင်းဆောင်တွေ မပါဘူး၊ ဒီတစ်ခေါက် စစ်ရေးပိုင်းက ဆုံးဖြတ်နိုင်မည့် လူတွေပါမယ်လို့ ကြားရတဲ့အတွက်ကြောင့် အဖြေတစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောသည်။မြန်မာ့တပ် မတော်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြားဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KIOမှ တာဝန်ရှိသူများ တရုတ်မြန်မာ နယ်စပ် ရွှေ လီမြို့၌ တွေ့ ဆုံဆွေးနွေးမည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ပြီးခဲ့တဲ့ ဇွန်လအတွင်းက ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နှင့် KIO ခေါင်းဆောင်တွေ မိုင်ဂျာယန်ဒေသမျာ တွေ့ဆုံခဲ့သလို KIA ဒု ဗိုလ်မှူးချူပ် ဂွန်မော်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်ကြီး စိုးဝင်းတို့မှာ တရုတ်မြန်မာနယ်စပ် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြောင်းကိုလည်း သိရှိရ သည်။ ရွှေ လီ၌ တွေ့ဆုံ ရန်အစီအစဉ်တွင် ဗိုလ်ချူပ်ကြီး စိုးဝင်းဘက်က သွားရောက် ရန်အခက် အခဲရှိသည့် အတွက် နှစ်ဖက် တွေ့ဆုံရေး အစီအစဉ်ပျက်ခဲ့ရကြောင်းကိုလည်း သိရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များအနေဖြင့်(၉)ကြိမ် ဆွေးနွေးခဲ့သလို ယခုတစ်ကြိမ်တွေ့ဆုံမှုမှာ ပြည်တောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုအနေဖြင့်စတုတ္ထအကြိမ်မြောက်တွေ့ဆုံမှု ဖြစ်သည်။
No comments:
Post a Comment