Wednesday, October 17, 2012

Mazda အုပ်စုဝင် လေလံယာဉ်များအားလုံး အပ်နှံ ဖျက်သိမ်းနိုင်ပြီ

Tuesday, October 16, 2012
ယာဉ်အိုယာဉ်ဟောင်းများဖျက်သိမ်း၍အစားထိုးတင် သွင်းခြင်းစီမံချက်ကိုယမန်နှစ်စက်တင်ဘာ ၁၉ ရက် တွင်စတင်ခဲ့ သည့်  မှတ်ပုံတင်  သက်တမ်း နှစ် ၄၀ေ ကျာ် “စ”၊ “ဆ” ၊“ဇ” အက္ခရာ ယာဉ်များကို ပထမ အ ဆင့်အဖြစ် လည်းကောင်း ၊ ထိုနှစ် နိုဝင်ဘာ  ၈  ရက် တွင် နှစ် ၃၀ ကျော် မှ နှစ် ၄၀ အ  တွင်း  “ဈ”  ၊  “ည” အက္ခရာယာဉ်များကို ဒုတိယ အဆင့် အဖြစ် လည်းေ ကာင်း၊ယခုနှစ်ဇန်နဝါရီ၂၀ရက် တွင်  နှစ် ၂၀  ကျော် မှ နှစ် ၃၀ ကျော် အတွင်း “ဏ” မှ “ဗ” အက္ခရာ အထိ ယာဉ်များ ကို တတိယ အဆင့် အဖြစ် လည်းကောင်း ယာဉ်ပိုင်ရှင်များ၏ဆန္ဒအရဖျက် သိမ်းအပ်နှံ ဆောင် ရွက်ခဲ့သည်။ ထို့အပြင် လေလံပြန် လည် မှတ်ပုံ တင် ယာဉ်များဖြစ်သည့် Mazda အုပ်စုဝင်မှ B360၊ B600၊ Familia အမျိုးအစား ယာဉ်များကိုလည်း ဇူလိုင် ၁၂ ရက် တွင် ဖျက်သိမ်း အပ်နှံ ဆောင်ရွက်ခဲ့ သည် ။ ယခုထပ်မံ ၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖျက်သိမ်း၊ အစားထိုး တင်သွင်းခြင်း စီမံချက်တွင် လေလံပြန်လည် မှတ်ပုံတင်ယာဉ်များအနက် Mazda အုပ်စုမှ ကျန်ရှိသည့် ယာဉ် အမျိုးအစား အားလုံး ကို အောက်တိုဘာ ၁၆ ရက်မှစ ၍ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦး စီးဌာန တိုင်းဒေသကြီး/   ပြည်နယ်ရုံးများ တွင် ယာဉ်ပိုင်ရှင်များ ၏ ဆန္ဒအရ ဖျက်သိမ်း အပ်နှံခြင်းအား လက် ခံဆောင်ရွက်ပေး သွား မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနမှ  သတင်း ရရှိ သည် ဟု   ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments: