Wednesday, October 17, 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေး NLD ပါဝင်မှသာ ငြိမ်းချမ်းမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗဟိုဌာနချုပ်ရုံး တာဝန်ခံပြောကြား

Wednesday, October 17, 2012
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဗဟိုဌာနချုပ်ရုံး တာဝန်ခံ ကအောက်တိုဘာ ၁ ရက်တွင်ကချင်ပြည် နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NLD ငြိမ်းချမ်းရေး အဖွဲ့ ၀င်ရောက်မှသာလျှင် ကချင် တိုင်းရင်းသား လူ မျိုးစုအသက်ရှူ ချောင် မည်ဟု ၎င်းက သုံးသပ် ပြော ဆို သည်။““ကချင် တိုင်းရင်းသားတွေ အ တွက်ကေ တာ့ ငြိမ်းချမ်းရေး လက်မှတ် ခဏခဏရေးထိုးခဲ့ပေ မယ့် နိုင်ငံတော်အစိုးရက သူတို့ အပေါ် သစ္စာမရှိဘဲ ထိုးထားတဲ့ လက်မှတ်ကို ချိုးဖောက်ခဲ့တဲ့အတွက် ကချင်အမျိုးသားလူထု တွေဟာ လက်ရှိဒုက္ခတွေ ခံစားနေ ရတယ်။ တကယ်လို့များ နိုင်ငံတော်အစိုးရက ကချင် အမျိုးသားတွေနဲ့ ထိုးထားတဲ့ လက်မှတ်ေ တွ အပေါ် မှာ ကတိတည် မည် ဆိုရင် ဒီလိုမျိုး လူထုတွေ ဒုက္ခခံစားရ မှာ မဟုတ် ဘူး ။ ငြိမ်းချမ်းရေး အ တွက် နိုင် ငံေ တာ် အစိုးရက ကတိမတည်ခဲ့ရင် ကချင်တပ်နဲ့ နိုင်ငံတော်အစိုးရကြား ယုံကြည်မှုကင်းမဲ့ သွားမယ်။ သူတို့ကြားမှာ ငြိမ်းချမ်း ရေးရအောင် တွန်းအားပေးပို့မယ့် လူလိုတယ်။ KNU/KNLA အဖွဲ့ အစည်းကိုယ်စား ပြောချင်တာ ကတော့ NLD ငြိမ်းချမ်းရေးအဖွဲ့ အစည်း ၀င်ရောက်မှသာလျှင် ကချ င် တိုင်းရင်းသားတွေ အသက် ရှူချောင် သွားတယ်။အခြားအဖွဲ့အစည်းတွေနဲ့မဖြစ်ဘူးလို့ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးမိခင်လို့ မြင်ပါတယ်””ဟု ပြောပါသည်။

No comments: