Wednesday, October 17, 2012

တရားသေလွှတ်ပေးရန် NLD ဦးဉာဏ်ဝင်း လျှောက်လဲချက် တရားရုံး ပယ်ချ

Wednesday, October 17, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအောင်နိုင်ရေး အဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်း ကို မမှန်သတ င်းေ ပးမှုဖြင့် စွဲ ဆို ထား သည့် အမှု အား တရားေ သ  လွှ တ်ေ ပး ရန် ဇ မ္ဗူ သီရီမြို့ နယ် တရားလွှတ်ရုံး၌ အင်္ဂါနေ့ရုံးချိန်းတွင် လျှောက်လဲခဲ့သော် လည်း ပယ်ချလိုက်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ် တချို့ပေါ်တွင် ဖယောင်း သုတ် ထားသည်ဟု ဦးဉာဏ်ဝင်း က ရွေးကောက်ပွဲ ကော်မရှင်ထံ သတင်းပို့တိုင်ကြားခဲ့မှုကို မ မှန် မ ကန် သတ င်းပေးမှု ပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတရားစွဲဆိုခဲ့ မှု အား တရားေ သ လွှတ်ပေးရန် လျှောက်လဲချက်အား တရားသူကြီး ဦးမြသိန်း က ပယ်ချခဲ့ခြင်း ဖြစ်သည်။ “ဒါက ဥ ပေ ဒအ ရ တရားစွဲနိုင်တာက မမှန်သတင်းပေးခံရတဲ့လူ၊ ဒါမှမဟုတ် သူ့ထက် ရာထူး အ ဆင့် အနိမ် အမြင့်ပဲ စွဲရ မှာ ။ အခု ဟာ က ပြည်ေ ထာင် စုေ ရြးေ ကာက္  ပြဲေ ကာ္မ ရှင်ရဲ့ ရုံးအ ဖွဲ့ က ညွန်ကြားရေး မှူး က စွဲ တာ ဥပဒေ
ပြဋ္ဌာန်းချက်အရ ဒီလိုစွဲခွင့်မရှိဘူး။ ရုံးက တနာရီလောက်ပဲ စဉ်းစားပြီးတော့ ဒါက ပြည်ထောင်စု ကော်မရှင် ဆုံးဖြတ်ချက်အရ စွဲတာမို့လို့ နည်း ဥပေ ဒနဲ့ ညီပါ တယ် လို့ ကျနော် တို့ လျှောက် လွှာကို ပယ်ပါ တယ်” ဟု ဦးဉာဏ်ဝင်း က ပြောသည်။ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တရားစွဲဆိုပိုင်ခွင့်မရှိဘဲတိုင်ကြားခံရသည့်ပုဂ္ဂိုလ်သော်လည်းကောင်း၊၎င်းထက်အဆင့် မြင့်သည့် ပြည် သူ့
ဝန်ထမ်းသော်လည်းကောင်း တင်ပြမှသာလျှင် တရားစွဲဆိုပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းချက်အရ လျှောက် လဲ
ခဲ့ခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်း က ပြောသည်။မဲပြားအချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း က သတင်းပေးပို့သည်မှာ ပြည်ထောင် စု ရွေးေ ကာက် ပွဲကော်မ ရှင် ဥက္ကဋ္ဌ ထံ ဖြစ်သည်ဟု သူ က ပြောသည်။
ယခု တရားလိုအဖြစ် တရားစွဲဆိုသူမှာ ကော်မရှင် ရုံးအဖွဲ့မှ ညွန်ကြားရေးမှူး ဦးသောင်းလှိုင် ဖြစ်၍ ၎င်း က တရား စွဲ ဆို ပိုင်ခွင့်မ ရှိကြောင်း လျှောက်လဲ ချက် အား ပယ် ချခဲ့၍ တ ရားသူကြီး ၏ ဆုံးဖြတ် ချက် သည် ဥပဒေနှင့် မညီညွတ်ကြောင်း ရှုမြင်သည်ဟု ဦးဉာဏ်ဝင်း က ဆိုသည်။
နံနက် ၁ဝ နာရီမှာမွန်လွဲ၂နာရီထိမကွေးတိုင်း ကော်မရှင်အဖွဲ့ဝင်တဦးအားစစ်ဆေးမေးမြန်းခဲ့ပြီး နိုဝင်ဘာလ ၁ ရက်ေ န့ ရုံးချိန်းအ တွက် တရား လိုပြ သ က်သေ တဦးသာ စ စ်ေ ဆးရန် လိုေ တာ့ သည် ဟု သိ ရ သည်။
၎င်းအမှုနှင့်ပတ်သက်၍တရားရုံးမှစစ်ဆေးနေဆဲဆုံးဖြတ်ချက်မချမှတ်မီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခဲ့သည့် ဟူသော စွပ်စွဲချက်ဖြင့် အပတ်စဉ်ထုတ် ‘ပြည်မြန်မာ’နှင့် ‘Messenger’ ဂျာနယ်တို့အား ဦးဉာဏ်ဝင်း က တရားစွဲဆိုထားသည်။တရားရုံးအားမထီမဲ့မြင်ပြုမှုပုဒ်မ၃ငြိမ်စွန်းနေသည်ဟူ၍ အောက်တိုဘာလ၂ရက်နေ့က တရားစွဲဆိုမှုအား အောက်တိုဘာလ၂၉ရက်နေ့တွင်တရားလွှတ်တော်ရုံး၌တရားလိုဘက်မှ လျှောက်လဲချက်ပေး
မည် ဖြစ်ကြောင်းဦးဉာဏ်ဝင်း က ပြောသည်။“တရားစွဲထားတာက ပထမအဆင့် ကြားနာမယ်။ ကျနော်တို့ တဖက်တည်းပဲကြားနာမယ်။ပထမအဆင့်ပြီးလို့လက်ခံလိုက်ပြီဆိုရင် နှစ်ဖက်ကြားနာတာ။ကျနော်တို့ဘက်က
တရားရုံးကိုဦးတိုက်လျှောက်ထားတယ်လို့လျှောက်လဲချက်ပေးရမှာ” ဟု မဇ္ဈိမကို ပြောဆိုသွားသည်။

No comments: