Wednesday, October 17, 2012

မြန်မာအစိုးရ ကို OIC ဖြေရှင်းချက်တောင်း

Wednesday, October 17, 2012
အစ္စလာမ် ဘာသာဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်း ထားသောOIC(အစ္စလာမ် နိုင်ငံများပူးပေါင်း ဆောင် ရွက် ရေး အဖွဲ့) ၏ ယာယီ ဆက်ဆံရေး ရုံးဖွင့်လှစ်ရေးကိစ္စကို မြန်မာအစိုးရကတရားဝင် ငြင်းပယ်လိုက်သော် လည်း အကြောင်းကြားစာ တစ်စုံ တစ်ရာ ပေးပို့ခြင်း မရှိ သဖြင့် ဖြေရှင်း ချက် တောင်းခံစာ တစ်စောင် ပေးပို့ ထားကြောင်းOIC ပြန်ကြားရေး ဌာနမှမစ္စမဟာ ရက်ခီး၏ ပြောကြားချက် ကို VOA သတင်းဌာန တွင်ဖော်ပြ
သည်။ OIC ကိုကန့်ကွက်သော အနေဖြင့်ဆန္ဒ ဖော်ထုတ်မှု များ တစ်နိုင်ငံလုံးအတိုင်း အ တာထိ ဖြစ်ပေါ်ခဲ့ပြီး
 နောက်OICဆက်ဆံရေးရုံးများဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့်မကိုက်ညီသဖြင့်ခွင့်ပြုမည်မဟုတ်ကြောင်း
 နိုင်ငံတော်သမ္မ္မတရုံး က အောက်တိုဘာလ ၁၆ရက် နေ့ မွန်းလွဲ ၃နာရီ ၃ဝမိနစ် ခန့် တွင် ထုတ်ပြန်ခဲ့ခြင်း ကို ၄င်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။OIC ဆက်ဆံရေး ရုံးများကို ရန်ကုန်နှင့် စစ်တွေမြို့ တို့တွင်ရုံးခန်း ဖွင့်လှစ် ရန် မြန်မာ အစိုးရနယ်စပ်ဝန်ကြီး နှင့်နားလည်မှုစာချွန်လွှာကိုစက်တင်ဘာလအတွင်းကသဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်၍ ယခုကဲ့သို့ ဖျက်သိမ်း လိုက်ခြင်း ကို မြန်မာအစိုးရ အနေဖြင့် တရားဝင် ဖြေရှင်း သင့်ကြောင်းမစ္စမဟာရက်ခီးကဆိုသည်။အဆိုပါကိစ္စရပ်များ နှင့်ပတ်သတ်၍နယ်စပ်ဒေသ နှင့်တိုင်းရင်းသား လူမျိုးများ ဖွံဖြိုးတိုး တက်ရေး ဦးစီး ဌာန မှ ညွန်ကြားရေးမှူးချုပ် ဦးထွေးလှ အပါ အဝင် တာဝန် ရှိ သူ များကို TheVoiceWeeklyကဆက်သွယ် မေးမြန်းခဲ့ရာ ဦးထွေးလှ မှာ အစည်းအဝေးတွင်း သို့ ရောက်ရှိ နေသဖြင့် ပြန်
လည်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့ပြီးကျန် တာဝန်ရှိသူများမှာ လည်း ၄င်း တို့နေဖြင့် ဖြေဆို
ပိုင်ခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။OICဆက်ဆံရေးရုံးစိုက်မည့်အရေးကိုကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့၊  ပခုက္ကူမြို့၊  မုံရွှာ၊  ဖျာပုံမြို့၊  စစ်တွေမြို့ အပါအဝင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒ ဖော်ထုတ်မှုတစ်ရပ် ကို အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပြုလုပ်ခဲ့ကြပြီးသံဃာတော်များ ပြည်သူလူ
ထုများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

No comments: