နေပြည်တော်သို့ ဦးတည်၍ လမ်းလျှောက်စီတန်းလှည့်လည် ဆန္ဒပြနေကြသည့် မိုးထိမိုးမိ ရွှေလုပ်သား များအား နိုဝင်ဘာလ၂၃ရက်နေ့တွင် ရေနီ
စက္ကူစက်ရုံနား၌ သက်ဆိုင်ရာအာဏာပိုင်များမှ တားဆီး ရိုက်နှက်ပြီး
ခေါင်းဆောင်များဖြစ်သည့် ကိုရဲရင့်ထွန်း၊ ကိုနေအောင်ထက်၊ ကိုနိုင်ဝင်းနဲ့
ဦးစောနောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ်
လမ်းလျှောက်စီတန်းလှည့်လည်နေသူ တဦးဖြစ်သည့် မအိမွန်ကျော် ကို ဘားမားဗီဂျေ
မီဒီယာမှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ မိုးထိမိုးမိရွှေလုပ်သား ၆၇ဦး သည်
နေပြည်တော်အထိ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ပြီး ရေန်ီမြို့နယ်
အမျိုးဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် များမှလည်း ကူညီပေးနေကြောင်း
သိရှိရပါသည်။
No comments:
Post a Comment