Sunday, November 04, 2012
ယမန်နေ့က လူကြီးမင်း တယ်လီဖုန်းဆိုင် အသီးသီး တွင် မဟာလျှော့ဈေးပွဲတော်ကျင်းပရာ ရန်ကုန်ရှိ ဆိုင်ခွဲများတွင် ရုန်းရင်းဆန် ခတ်ဖြစ်ပြီး ပွဲပျက် သွားကြသော်လည်းတောင်ကြီးမြို့အရောင်း ဆိုင်ခွဲ တွင်မူ စီစဉ်ထားသည့် အတိုင်း ကျင်းပနိုင် ခဲ့သည် ။
နံနက် ၈း၀၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ လူကြီးမင်း ဖုန်း အရောင်း ဆိုင်တွင် ဂလက်စီ မီနီတစ်လုံး ကျပ် (၅,၀၀၀)ဖြင့်ဝယ် ယူခွင့် ကံစမ်းမဲ လက်မှတ် လို ချင်သူ မြို့ခံများနှင့် ပြည့်ကျပ်လျက်ရှိသည်။လမ်းများ ပိတ်သည်အထိလူဦးရေ များပြားလာသည့်အတွက် ယာဉ်ထိန်းရဲများ၏ အကူအညီဖြင့်လမ်း ရှင်းပေး ခဲ့ရသည်။တောင်ကြီးဆိုင်ခွဲတွင် တလုံး ကျပ် ၅,၀၀၀ဖြင့် ဂလက်စီမီနီ ဖုန်း ၁၀ လုံး ရောင်းချမည့်အ စီအ စဉ်အတွက် ဒေသခံအများအပြားသွားရောက်စောင့်ဆိုင်း ခဲ့ကြရာ တစစဖြင့် လူများပြားလာသဖြင့် ဆိုင်တံ ခါးပိတ်လိုက်ရသည်။ အပေါ်ထပ်ပြတင်း ပေါက်မှနေပြီးလူကြီးမင်းဆိုင်ဝန်ထမ်းများက ပေါက်မဲ နံပတ် များ ကြေညာပေးခဲ့ရသည်။ ရဲတပ်သားများက လုံခြုံရေးအတွက် စောင့်ဆိုင်းပေးခဲ့ရသည်။ မဲပေါက်သူ တို့က နေ့ခင်း ၁၂ နာရီတွင် နိုင်ငံသားစိစစ်ရေးကတ် နှင့် ကျပ် ၅,၀၀၀ ကိုင်ဆောင်ပြီး ဖုန်းဝယ်ယူကြသည်။
ရန်ကုန်မြို့ ဆိုင်ခွဲများ ရုန်းရင်းဆန်ခတ်ဖြစ်မှု အခြေအနေ နှင့်မဟာလျှော့ဈေး ပွဲတော် အဆုံးသတ်သွားပုံကို လူကြီးမင်းဆိုင်က အောက်ပါအတိုင်း ကြေညာချက် ထုတ်ထားသည်။ကျွန်တော်တို့ Promotion က မနက် ၈း၃၀ ကနေ ၉း၀၀ ထိကို တုံကင်များ ဝေမှာဖြစ်ပြီး(3.11.2012) ၉း၀၀ ကနေစပြီး ထိုတုံကင်များကိုပြန်လည် မဲဖေါက်ပေးမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချို့သော Customer များမှာ မနက် (၄) နာရီ (၅) နာရီလောက်ကတည်း ကအားကြိုးမန်တက် လာရောက် စောင့်ဆိုင်းနေ သူတွေရှိပါတယ်။မနက် 73း0 လောက် မှာတော့ လူတွေအရမ်းများသွားပါတယ်။ ကျွန်တော်တို့ တန်းစီဖို့အတွက်ကိုပြောပါတယ် ဘယ်လိုမှပြောလို့မရတော့ပါဘူး တုံကင် ဝေပေးဖို့အတွက်ပဲ ပြောနေကြပါတယ်၇း၄၅ လောက်မှာတော့ ကျွန်တော်တို့ဝန်ထမ်းတွေ အပြင်ထွက်ပြီး တုံကင် များကိုဝေပါတယ်။ ဒါပေမယ့် ဘယ်လို မှဝေလို့မရ ပါဘူးအတင်းလိုက်လုတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် ပိမိသွားပါတယ်။အဲဒါကြောင့် ကျွန်တော် တုံကင်များ ကို ကျဲချလိုက်ရပါတယ်။ ထိုသို့ကျဲချလိုက်ရတဲ့အတွက် နားလည်ပေးပါရန်။မနက် ၈း၃၀ လောက်မှာ လူအုပ်ကအရမ်းများလာပြီး အရမ်းတိုးတဲ့အတွက် ဆိုင်တံခါးတွေကျွံကျလာတဲ့အတွက် အထဲကနေ တံခါးတွေကို မနည်းထိန်း ထားရပါတယ်။ထို့အပြင် တချို့မှာ ခဲများနှင့်ထုတဲ့အတွက် ပြုတင်းပေါက် မှန်နှင့် ဆိုင်းဘုတ်များ ပျက်စီးခဲ့ပါတယ်။ထို့ကြောင့်တုံကင်ကိုဆက်ဝေဖို့ မဖြစ်နိုင်တော့တဲ့အတွက် ရပ်ပြစ်လိုက် ရတာပါ။ထိုသို့ ရပ်ပြစ်လိုက်ရသောကြောင့် ကျွန်တော်တို့ မန်နေဂျာမှတောင်းပန် စကားကို ပြောသာ အချိန်မှာလည်း ခဲများနှင့်ပေါက်သောကြောင့် အဆုံးထိအောင်မပြောနိုင်ပဲ အထဲပြန်ဝင်ခဲ့ရပါတယ်။ ကျွန်တော်တို့လူကြီးမင်း မှ အမှန်ကန်ကိုမဲဖေါက်ပေးမှာ ပါအခြေအနေ အကြောင်းကြောင်းကြောင့်ပွဲ ပျက်သွားတဲ့အတွက် ကျွန်တော်တို့လူကြီးမင်းမှ Coustomer များကိုအနူးအညွတ်ပင်တောင်းပန်အပ်ပါတယ်..
irrawaddy

No comments:
Post a Comment