Saturday, November 17, 2012
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု များစွာမရှိနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတစ်ဦး က ပြောကြား သည်။ ဒေသတွင်းနိုင်ငံများ၏ အလည်အပတ်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် စီစဉ်ထားခဲ့သော အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အား ခြိမ်းခြောက်မှုတစ်ရပ်ဟု တရုတ်အစိုးရက ရှုမြင်ခြင်းမရှိကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဖူယင်းက နိုဝင်ဘာ ၁၇ ရက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

"အမေရိကန်ဟာ တရုတ်နိုင်ငံကို ခြိမ်းခြောက်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလို့
တရုတ်နိုင်ငံက ယုံကြည်ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ကို
ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ဖို့ မရည်ရွယ်ပါဘူး"ဟု မစ္စက်ဖူယင်းကပြောသည်။
ရှေ့လာမည့်အပတ်အတွင်း အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့်
အာဆီယံအဖွဲ့ခေါင်းဆောင်များ ဖနွမ်းပင်မြို့၌ စုဝေးချိန်တွင်လည်း
မစ္စတာအိုဘားမားသည် မစ္စတာဝမ်ကြားပေါင်နှင့် တွေ့ဆုံမည်လားဆိုသည်မှာ
ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း မစ္စက်ဖူယင်းက ပြောကြားသည်။
ယင်းဆွေးနွေးပွဲ တွင် နိုင်ငံပေါင်း များစွာမှ ခေါင်းဆောင်အများအပြား
တက်ရောက်မည်ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးချင်းစီတိုင်း နှင့် နှစ်ဖက်တွေ့ဆုံမှု မရှိနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
-Ref: WSJ
ရှေ့လာမည့်အပတ်အတွင်း အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင
-Ref: WSJ
No comments:
Post a Comment