Thursday, November 15, 2012

"အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေး ထိပ်ဆုံးက ဆွေးနွေးမည်။"

Thursday, 15 November 2012
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ထိပ်သီးအစည်းအဝေးကို မ နက်ဖြန် မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ
နိုင်ငံမှာ ကျင်းပမှ
ာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးဟာ ဆွေးနွေးမဲ့ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့သိရပါ တယ်။ တစ်ချိန်တည်း မှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေး သွားဖို့အတွက်အိုအိုင်စီအဖွဲ့ကပြင်ဆင်နေတယ် လို့သိ ရပါတယ်။မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလ င်တွေကို စနစ်တကျ အကြမ်းဖက်တိုက်ခိုက်
မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီ အနေနဲ့ ကြောင်း အိုအိုင်စီ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်သတင်းဌာနက ရေးသား ပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။
ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင် ဂျာလှေစီးဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ် ခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်းနိုင်ငံတွေကို အခုလို တိုက်တွန်းတာဖြစ်
ပါတယ်။

RFA

No comments: