Tuesday, November 20, 2012

၈၈ မျိုးဆက်ပါတီ ရွှေပြည်သာမြို့တွင် တရားမ၀င် ပိုက်ဆံများ ကောက်ယူလျက်ရှိ


၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ ပိုက်ဆံများကောက်ယူမူကြောင့် ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင် ဆောင်ရွက်ပေးမယ်လို့
ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။
“အိုးပိုင်အိမ်ပိုင် မရှိတဲ့လူတွေကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်းရှိတဲ့သူက သန်းခေါင်းစာရင်း ၊ ဧည့်စာရင်းနဲ့နေတဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ဘုံရှည်ကုန်းကျေးရွာသားကိုနိုင်လင်းစိုး
ကပြောပြပါတယ်။၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီကို “ယုံတဲ့သူအနည်းငယ်သာရှိပြီး မယုံကြည်တဲ့သူများကြောင်းရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။
“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ စားဖို့သောက်ဖို့နဲ့ အိမ်လခစရိတ်အတွက် ပိုက်ဆံကို ချွေတာ သုံးနေရတာ၊အခု ၈၈ ပါတီက ပိုက်ဆံလာကောက်တော့ ဘာမှန်းမသိထည့်ပေးလိုက်တာဘဲ“ လို့ ဦးတင်ဆွေ ဆိုသူက ပြောပြပါတယ်။
လက်ရှိပိုက်ဆံပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။
ဒေသခံတွေဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် မဖြစ်နိုင်ကြောင်း သိရှိရသည်။
ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း ကြိုက်ပုံ မပေါ်ပါဘူး။ "ခင်ဗျားတို့ မီဒီယာတွေက သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့ သိချင်တယ် ဆိုရင် ဥက္ကဋ္ဌကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။ ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေတယ်နော် "၈၈ မျိုးဆက်ပါတီမှ ပါတီဝင်တစ်ဦးက ပြောဆိုခဲ့သည်။
 Myanmar Express

No comments: