Thursday, November 29, 2012

မင်းဓမ္မပန်းခင်းမှ ဆိုင်ခန်းများ ဆက်လက်ဖွင့်လှစ်မည်

Thursday, 29 November 2012
နိုဝင်ဘာလကုန် နောက်ဆုံး ထား ပြောင်းရွှေ့ရန် အတွက် သတိပေးထားသော်လည်း လက်ရှိနေရာ တွင်ပင် ဆိုင်ခန်းများကို ဆက်လက်ဖွင့် လှစ်သွား မည်ဖြစ်ကြောင်း မင်းဓမ္မပန်း ကွင်းဆိုင်ရှင် မ
ျား ကပြော သည်။ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့် တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ တည်ရှိခဲ့သော အဆိုပါ ပန်းကွင်းသည် သာကေတမြို့နယ် ရှုခင်းသာအနီး ယမုံနာလမ်းဘေးသို့ ပြောင်းရွှေ့ရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ အသိပေး ထားခြင်းဖြစ်ကြောင်း ပန်းဆိုင်ရှင်များကပြောသည်။

"ပြောင်းဖို့ အစီအစဉ်လုံးဝမရှိဘူး"ဟု အဆိုပါ ပန်းကွင်းမှ ဆိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်နီဝါလွင်ကပြောသည်။
ဆိုင်ခန်းများပြောင်းရွှေ့ရန် စီစဉ်နေမှုကို ကန့်ကွက်သည့်အနေဖြင့် ယင်းပန်းကွင်းမှ အင်အား ၁၀၀ ကျော်သည် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ဆိုင်ခန်း ၅၀၀ ခန့်ရှိပြီး ထောင်နှင့်ချီသော ၀န်ထမ်းများမှီခိုရာ အဆိုပါပန်းကွင်း ဆက်လက်တည်ရှိရေးအတွက် သက်ဆိုင်ရာမှ ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ပေးမည်ဟု မျှော်လင့်ထားကြောင်း ဒေါ်နီဝါလွင်ကပြောသည်။

7Day News Journal
ဓာတ်ပုံ - Popular Myanmar News Journal

No comments: