ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆီသို့ လျှောက်လှမ်းနေတာနှင့်အမျှ ဒီကနေ့ အချိန်မှာတော့ အင်တာ နက် သုံးစွဲလာမှုဟာ မြန်မာနိုင်ငံမှာလည်း တိုးတက်လာပါတယ်။ ပွင့်လင်းတိုးတက် လာတဲ့ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက် လည် ပတ်မှု အများဆုံး ဖြစ်ခဲ့ပါတယ်။ ရွှေတိဂုံဘုရားဖူး နိုင်ငံခြားသား ဧည့်သည်တွေအတွက် အဆင်ပြေ ချောမွေ့နိုင်အောင်လို့ အင်တာနက် မိနစ် ၃၀ သုံးနိုင်တဲ့ Acess Card တွေ စီစဉ် ပေးထားခဲ့ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ သြဂုတ်လက စတင်ခဲ့တာပါ။ ဒါပေမယ့် အခုလာမယ့် နှစ်ဆန်းပိုင်းလောက်ကစတင်ပြီးရွှေတိဂုံ ရင်ပြင် တော်ပေါ်မှာ နိုင်ငံခြားသား ဧည့်သည်တွေအတွက်ရော၊ ပြည်တွင်း ဘုရားဖူးဧည့်သည်
တွေအတွက်ပါ အင်တာနက် အခမဲ့ သုံးစွဲနိုင်ဖို့ အတွက် စီစဉ်နေတယ်လို့ ရွှေတိဂုံ ဂေါပက အဖွဲ့ဝင် တဦး က ပြောဆိုကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
No comments:
Post a Comment