Thursday, 29 November 2012
လောကကြီးမှာ ထန်းသီး ကြွေခိုက် ကျီးနားခိုက် ဆိုသလို တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိတတ် ပါတယ်။အခုဒီဖြစ်စဉ်က တိုက်ဆိုင် မှုလို့ပဲပြော ရမှာလား အိပ်မက်ဆန်တယ် လို့ပဲပြောရမှာလား ဆိုတာကို စာဖတ်သူ ကိုယ်တိုင် ဆန်းစစ်ဝေ ဖန်ကြည့် ပါ တော့။အသက် ၂၀ နှစ်အရွယ် မက်စ် ဂါလက်ပိုဟာ သူ့ချစ်သူ နစ်ကီကာ တစ်နဲ့အတူ အမေရိကန်နိုင်ငံ Philadephia မြို့က အနုပ ညာပြ တိုက်ကို လာရောက်လေ့လာခဲ့တာပါ။ အဲဒီမှာ ၁၆ ရာစုက အမည်မသိအီတလီ မင်း မျိုးမင်းနွယ် တစ်ဦးရဲ့ ပန်းချီကားတစ် ချပ် ချိတ်ဆွဲထားပါတယ်။ ၁၅၆၁ ခုနှစ်လောက်က အီတလီမင်းမျိုးမင်း နွယ်တွေ ဝတ်ဆင်လေ့ရှိတဲ့ အဝတ် အစားမျိုး ဝတ်ထားတဲ့ မုတ်ဆိတ်မွေး နဲ့ အဲဒီလူဟာ မက်စ်နဲ့ ချွတ်စွပ်တူပေ မယ့် မက်စ်က သတိမထားခဲ့မိပါဘူး။ ဒါပေမယ့် နစ်ကီကာတစ်က သတိထား မိတာကြောင့် အဲဒီပန်းချီကားဘေးမှာ ချစ်သူကို မတ်တပ် ရပ်စေပြီးနှိုင်း ယှဉ် တော့မှ မက်စ်ကိုယ်တိုင် မယုံနိုင်လောက် အောင်ဖြစ်ခဲ့ရပါတယ်။ "အဲဒီပန်းချီ ကားကို ကျွန်တော့်ဘေး နား ထားလိုက် ရင် ပန်းချီထဲကလူနဲ့ ကျွန်တော်နဲ့ ဘယ် လောက်တူတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင် ဘူး"လို့မက်စ်က ပြောကြား ခဲ့ပါတယ်။ နောက်ဆုံးမှအဲဒီပုံတူပန်းချီ ကားဟာ သူ့ဘိုးဘွားတွေ ဆင်းသက် လာတဲ့အီတလီမြောက်ပိုင်းဒေသတစ်ခု က မင်းမျိုး မင်းနွယ်တစ်ဦး ဖြစ်တယ် ဆိုတာ သိလိုက်ရတာပါ။
First Music News

No comments:
Post a Comment