Thursday, November 15, 2012

"ညနေခင်း အချိန် ဈေးဝယ်ရန် ဟန်ဆောင်၍ ဆိုင်ပေါ်တက် ဓားထောက် လုယက်မှု့ တစ်ခု ကမာရွတ် မြို့ နယ်၌ ဖြစ်ပွား

Thursday, November 15, 2012
ရန်ကုန် နိုဝင်ဘာ ၁၄
ကမာရွတ်မြို့ နယ်(၁၀)ရပ်ကွက် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် အိတ် အရောင်းဆိုင် တစ်ဆိုင်သို့  အသက်(၁၉)နှစ် အရွယ် လူငယ်တစ်ဦး ဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ အမျိုးသမီးငယ်အား ဓားဖြင့်ထောက် ကာ လုယက်မှု တစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှုအရ
သိရသည်။
နိုဝင်ဘာ ၁၂ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ် အချိန်၌ ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံကို အချိန်မှီ ၀ိုင်းဝန်းဖမ်းဆီး နိုင်ခဲ့သော်လည်း ၊ ဆိုင်အရောင်း ၀န်ထမ်းမှာမူ ကျောဝဲဘက်ထိုးသွင်း ဒဏ်ရာ ၁ချက်၊ နဖူးပွန်းခြစ်ဒဏ်ရာ၊ ယာတံတောင် ဖူးယောင် နာကျင်ဒဏ်ရာများ ရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တက်ရောက် ကုသနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရရှိသည့် သတင်းများ အရ တရားခံဟု ယူဆရသူမှာ ဆိုင်သို့ ပစ္စည်း လက်ဆောင်ပေးရန် လာကြည့်ပြီး ပြန်လည်းထွက်သွားကာ နောက်တစ်ခေါက် ပြန်လာပြီး ဓားထောက်လုယက်ခြင်း ဖြစ်သည်ဟုသိရသည်။
ကမာရွတ် ရဲစခန်းက (ပ) ၄၉၆/၁၂ ပုဒ်မ ၃၉၄ နှင့် (ပ) ၄၉၇/၁၂ လက်နက် ပုဒ်မ - ၁၉(င)ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ်မောင်မောင်စိုး က တရားခံကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။
ညွန့် ဝင်း
popularjournal

No comments: