Thursday, November 29, 2012

ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှု

သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ



ဒဏ်ရာအပြင်း အထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသော အဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်း လည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ အချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ Eleven Media Group


No comments: