Friday, November 2, 2012
"နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ခုံရုံး နှင့် အဖွဲ့ဝင် များ၏ ဆုံးဖြတ်ချက်သည် မှားယွင်းပြီး
ဥပဒေနှင့် ညီညွတ်မှု မရှိ၍ လည်းကောင်း ယင်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ အရ တရားရုံးတစ်ရုံး၏ စစ်ဆေးစီရင် ချက် အပေါ် ဆုံးဖြတ်ထားခြင်းမဟုတ်၍လည်းကောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၃၂၄ တွင် ပြဌာန်းထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၏
ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဆိုခြင်းမှာ ဆုံးဖြတ်ချက်နှင့်သာ
သက်ဆိုင်ပြီး ယခု ကိစ္စမှာ အဓိပ္ပါယ် ဖွင့်ဆို ခြင်းဖြစ်နေ၍
ဖွဲ့စည်းပုံအခြေ ´ဥပဒေပုဒ်မ ၃၂၄ တွင် အကျုံး မ၀င်သဖြင့် ၄င်းခုံရုံး၏
အဓိပ္ပါယ် ဖွင့်ဆို ဆုံးဖြတ်ချက်သည် မူလကပင်ပျက်ပျယ်သော အမိန့် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် က အတည် ပြု
ကြေညာပေးရန် ရေးသားကာ ပြည်သူ့လွှတ်တော် ဥက္ကဌ က ပြည်ထောင်စု လွှတ်တော် နာယကထံ
ပေးပို့ ကာဖတ်ကြားခဲ့ခြင်းဖြစ် သည်။ထို့ကြောင့် နာယက ကပြည်ထောင်စု
လွှတ်တော် တွင် ကိုယ်စားလှယ်များအား ဖတ်ကြားတင်ပြခဲ့င်္ပြီး အဆုံးအဖြတ်ရယူကာ
ပြည်ထောင်စုက အတည်ပြု မှတ်တမ်းတင် ကြေညာ ခဲ့ သည်။ထို အတည် ပြုကြေညာ
ချက်သည် ပြီးခဲ့သည် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် ရာထူးမှ နူတ်ထွက်သွားသော
ခုံ ရုံး ဥက္ကဌဦးသိန်းစိုး နှင့် အဖွဲ့ဝင် ၈ ဦး တို့က လွှတ်တော်မှ
ဖွဲ့စည်းထားသော ကော်မတီ ၊ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စု
အဆင့် မဟုတ်ကြောင်း အဓိပ္ပါယ်ဖွင့် ဆိုခြင်း ကိစ္စအပေါ် ရည်ရွယ်ပေးပို့ခြင်းကြောင်းသိရသည်။AH
From -popularnewsjournal
No comments:
Post a Comment