ရှမ်းပြည်နယ်
(မြောက်ပိုင်း) သီပေါ မြို့နယ် စည်ပင် သာယာရေး အဖွဲ့နှင့် မြို့နယ်
မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်း ကျင်းပ သော မီးဘေး ကြိုတင် ကာကွယ်ရေး
လက်တွေ့သရုပ်ပြ လေ့ကျင့် ခြင်းကို နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂
နာရီ က မြို့မ စည်ပင် သာယာရေး ဈေးကြီး၌ ကျင်းပရာ မြို့နယ်
မီးဘေးတားဆီးရေး ကော် မ တီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး
ဦးမျိုးတင့်ဇော်၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာ ရှိ
ဦးသိန်းထိုက်ဦး၊ မြို့နယ် မီးသတ်ဦးစီး ဌာနမှူး ဦးအောင်ကြည်ထွန်း နှင့်
မြို့မိ မြို့ဖများ တက်ရောက် ကြည့်ရှု အားပေး ခဲ့ကြသည်။
အစီ အစဉ် အရ မြို့နယ် မီးသတ် ဦးစီး ဌာနမှူး ဦးအောင်ကြည်ထွန်း ခေါင်းဆောင်သော မီးသတ် တပ်ဖွဲ့ ဝင် များနှင့် မြို့မဈေး မီးသတ် တပ်ဖွဲ့ဝင် များက မီးသတ်စက်၊ မီးသတ်ပိုက် များဖြင့် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြ လေ့ကျင့် ကြသည်။ မီးဘေး သရုပ်ပြ လေ့ကျင့်မှု များနှင့် မီးသတ် ဆေးဘူး များဖြင့် လက်တွေ့ ငြှိမ်းသတ်ခြင်း များကို မြို့ပေါ် ရပ်ကွက် များနှင့် အနီး ပတ်ဝန်း ကျင် ကျေးရွာ များတွင် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment