Monday, 03 December 2012
ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာန အနေဖြင့် နောင်လာမည့် မိုဘိုင်းဖုန်း စီမံကိန်းများ၌ 3G စနစ် ဖုန်းများကိုသာ

ချထားပေးမည်ဖြစ်ပြီး 2G စနစ်ကို ဖြုတ်သိမ်း သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ
တစ်ဦးက ပြော သည်။ နောင်လာမည့် စီမံကိန်းများ၌ 3G နှင့် 4G (LTE) စနစ်
ဖုန်းများကို သာ ဆောင်ရွက် မည် ဖြစ် သည်ဟု သိရသည်။“နောင်ကို 3G နဲ့
4G သွားဖို့ အတွက် Planning ချထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်
နောက်ပိုင်းမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် 3G အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
2G မရှိတော့ပါဘူး” ဟု ၎င်းက ဆိုသည်။ 3G ကွန်ရက်များကို မြို့ကြီးများတွင်
ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ် ပြီး ဖြည်းဖြည်းချင်း Network ချဲ့သွားမည်
ဖြစ်ကြောင်း သိရသည်။
3G ကွန်ရက်များ ချထားပေးရာ၌ GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးလုံး ပါဝင်မည် ဖြစ်သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန အနေဖြင့် ၂၀၁၃ - ၂၀၁၄ ခုနှစ် အတွင်း မိုဘိုင်းဖုန်း လိုင်းဆယ်သန်းခန့် ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ 2G နှင့် 3G ကွန်ရက် နှစ်မျိုးကို အသုံးပြုလျက်ရှိပြီး လွန်ခဲ့သော တစ်ပတ်ခန့်က မိုဘိုင်းဖုန်း လိုင်းကျပ်တည်းမှု နေရာအချို့၌ ဖြစ်ပေါ်ခဲ့ကြောင်း အသုံးပြုသူ အချို့ထံမှ သိရသည်။ “လိုင်းခဏ ကျသွားတာပါ။ လက်ရှိ ပြင်ဆင်ပြီးတော့ ကောင်းမွန်သွားပါပြီ။ GSM စနစ်တွေ တိုးမြှင့်နေတာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက အဆိုပါ ဖုန်းလိုင်း ကျပ်တည်းမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
GSM ဖုန်းများသာ လိုင်းကျပ်တည်းမှု အချို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး CDMA ဖုန်းများမှာ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge

No comments:
Post a Comment