Tuesday, December 11, 2012

အန္တရာယ်ရှိသော Apple မြေပုံကို အသုံးမပြုရန် သြစတေးလျရဲတို့ သတိပေး

Photo: အန္တရာယ်ရှိသော Apple မြေပုံကို အသုံးမပြုရန် သြစတေးလျရဲတို့ သတိပေး
Monday, December 10, 2012 

Apple မြေပုံ Application ကို အသုံးမပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Apple ရဲ့  iOS 6 ပေါ်မှာ အလုပ်လုပ်တဲ့ Apple Map app ဟာ ယနေ့ချိန်ထိ မူလ ပကတိ အနေအထားသို့ ပြန်လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီးမှာ ဘေးမဲ့တောပန်းခြံတစ်ခု ရှိတယ်လို့ Apple မြေပုံက ပြ သပြီး အမှန်စင်စစ် ၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။ ဒါကို မသိပဲ Apple Map အသုံးပြုသူဟာ Map ရဲ့ လမ်းညွန်ချက် အတိုင်း သွားတော့ ရေမရှိတဲ့အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက်အထိ မြင့်မားတဲ့ ဒေသ ဖြစ်နေပါတယ်။

အကယ်၍ ကားသာ ယင်းနေရာမှာ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လှည့်ပြန်ဖို့ အခက်အခဲ ရှိတဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mildura မြို့ က ရဲများဟာ Apple ရဲ့  မြေပုံကို အသုံးမပြုရန် သတိပေးကြေညာလိုက်ပါတယ်။

iPhone 5 စတင်ဖြန့်ချိခြင်း အတူထွက်ရှိတဲ့ Apple မြေပုံဟာ ယနေ့တိုင် မှားယွင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Google ရဲ့  မြေပုံကိုပဲ ပြန်လည် အသုံးပြုစေဖို့ Apple က တိုက်တွန်းထားပါတယ်။ လက်ရှိ ပြင်ဆင်မှု မပြီး နိုင်သေးတဲ့ မြေပုံအတွက် Apple စီအီးအို Tim Cook ကိုယ်တိုင် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ တရားဝင် တောင်းပန် ထားပြီး ဖြစ်ပါတယ်။

သို့ပေမယ့် အများပြည်သူတို့ ထပ်ခါထပ်ခါ အသုံးပြုနေမှုကြောင့် သြစတေးလျ ရဲများဟာ Apple ကို တိုက်ရိုက်အကြောင်းကြား အသိပေးရတဲ့ အခြေအနေအထိ ရောက်သွားကြောင်း သိရပါတယ်။
--
Ref: imore
Aung Kham (TSJ team)
TechSpace Journal
Apple မြေပုံ Application ကို အသုံးမပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

Apple ရဲ့  iOS 6 ပေါ်မှာ အလုပ်လုပ်တဲ့Apple Map app ဟာ ယနေ့ချိန်ထိ မူလ ပကတိ အနေအထားသို့ပြန်လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီးမှာ ဘေးမဲ့တောပန်းခြံတစ်ခု ရှိတယ်လို့ Apple မြေပုံက ပြ သပြီး အမှန်စင်စစ် ၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။ ဒါကို မသိပဲ Apple Map အသုံးပြုသူဟာ Map ရဲ့ လမ်းညွန်ချက်အတိုင်းသွားတော့ ရေမရှိတဲ့အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက်အထိ   မြင့်မားတဲ့ ဒေသ ဖြစ်နေပါတယ်။

No comments: