၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာတော်လှန်ရေးခေါင်းဆောင် ဦးဂမ္ဘီရ (ကိုညီညီလွင်)ကို ရန်ကုန်မြို့ သင်္ကန်း ကျွန်း ရဲ စခန်းက ဒီနေ့ညနေ ၅နာရိခွဲမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ညီဖြစ်သူ ကိုကျော်ကျော်အောင်က ပြောပါတယ်။
ဦးဂမ္ဘီရထောင်က လွတ်ခါစက မဂ္ဂင်ကျောင်းတိုက်ချိတ်ပိတ်ထားတာ ဖွင့်ဝင်တဲ့ကိစ္စ အကြောင်းပြပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာလို့လဲ သူက ပြောပါတယ်။ဦးဂမ္ဘီရဟာ ကုလသမဂက ယူကေနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့
တွေ့ဆုံဖို့ ၇န်ကုန်ကိုရောက် ရှိ နေတုန်း အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။
သံဃာတော်တွေ မြို့တွေမှာ ဆန္ဒပြနေကြတာမို့ ထင်ရှားတဲ့ သူတွေ ကို
ထိမ်းသိမ်းဖို့ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခိုက်မှာပဲ အခုလို
ဦးဂမ္ဘီရကို ဖမ်းဆီးလိုက်တာ ဖြစ် ပါ တယ်။
No comments:
Post a Comment